Saturday, December 3, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ဖွင့်လှစ်ပေး

ပြင်သစ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ခြင်းအထိမ်းအမှတ် မင်္ဂလာပါယဉ်ကျေးမှုပွဲတော်ဖွင့်ပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂

''မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ကာလရှည်ကြာ မိတ်ဖက်နိုင်ငံများ ဖြစ်ကြောင်း၊ နှစ်နိုင်ငံရှိ ပြည်သူများကြား တွင်လည်း ကာလကြာရှည်စွာ မိတ်ဆွေ များအဖြစ် ရပ်တည်ခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံ လွတ်လပ်ရေးရပြီး တစ်လအကြာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့ ကြောင်း၊ မြန်မာပြည်သူများသည်လည်း ပြင်သစ် ပြည်သူများနည်းတူ ရှေးယခင် ကတည်းက တည်ရှိခဲ့သည့် မိတ်ဖက် ဆက်ဆံရေးကို အစဉ်အမြဲ တန်ဖိုးထား ပါကြောင်း'' ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။

ပြင်သစ်-မြန်မာ ယဉ်ကျေးမှုဖလှယ် ခြင်း (၅၅)နှစ်မြောက် အထိမ်းအမှတ် အဖြစ် ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ ညနေ ၅ နာရီက ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် ဝါးတန်း ဆိပ်ကမ်း၌ကျင်းပသည့် မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော် ဖွင့်ပွဲအခမ်းအနား တွင် ဒုတိယသမ္မတက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယသမ္မတက အစိုးရသစ် တာဝန်ယူပြီးနောက်ပိုင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Mr. Jean-Marc Ayrault မြန်မာနိုင်ငံသို့ အလည် အပတ်လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် ကြိုးစားလုပ်ဆောင်နေ သည်များကို ပြင်သစ်နိုင်ငံအနေဖြင့် အကူအညီများ ပေးသွားမည်ဟု ပြော ကြားခဲ့ပါကြောင်း၊ ယဉ်ကျေးမှု အပါအဝင် နယ်ပယ်အသီးသီးတွင် ပြင်သစ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်နေသည်ကို မိမိအနေဖြင့် ဝမ်းမြောက်မိပါကြောင်း။

အဓိပ္ပာယ်ပြည့်ဝသည်ဟု ယုံကြည်
ယနေ့ကျင်းပသည့် ပွဲတော်သည် လည်း ပြင်သစ်-မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုခိုင်မာစွာ ချည်နှောင်သည် ကို ပြသနေခြင်းဖြစ်ပါကြောင်း၊ ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတကာအဆင့်မီ အနုပညာမျိုးစုံပါဝင်သည့် ပွဲတော်တစ်ခု ဖြစ်ပြီး ပြင်သစ်နှင့် မြန်မာအနုပညာ ဖလှယ်ရာတစ်ခုတည်းသော စင်မြင့်တစ်ခု လည်းဖြစ်ပါကြောင်း၊ ပြင်သစ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေး (၅၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ယနေ့ပွဲတော်သည် အဓိပ္ပာယ်ပြည့်ဝ သည်ဟု ယုံကြည်ပါကြောင်း၊ တည်ရှိပြီးဖြစ်သည့် ပေါင်းသင်း ဆက်နွှယ်မှုများသည်လည်း လာမည့် နှစ်များတွင် ပိုမိုခိုင်မာအားကောင်း လာမည်ဖြစ်ပါကြောင်း ပြောကြား သည်။

ဆက်ဆံရေးပိုမိုတိုးတက်
ထို့အတူ ဒုတိယသမ္မတက ပြင်သစ် နိုင်ငံနှင့် ဆက်လက်၍ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိပြု ပြောကြားလိုပါကြောင်း၊ ထို့ပြင် စီးပွား ရေး၊ ယဉ်ကျေးမှု၊ ကူးသန်းရောင်းဝယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သည့် အပြင် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံ ရေးများလည်း ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ပြင်သစ်-မြန်မာ နှစ်နိုင်ငံ အကြား နယ်ပယ်ကဏ္ဍစုံ အသီးသီးတွင် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့် လာအောင် ကြိုးပမ်းအားထုတ်ပေးနေ သည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Olivier Richard က အမှာစကားပြောကြား သည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်
ယင်းနောက် မင်္ဂလာပါယဉ်ကျေးမှု ပွဲတော်ကို ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးအုန်းမောင်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး နှင့် ဦးကျော်မျိုး ၊ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Gautier MIG-MOTနှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Mr. Olivier Richard တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင် များသည် မင်္ဂလာပါယဉ်ကျေးမှုပွဲတော် ဖျော်ဖြေရေး အစီအစဉ်များကို ကြည့်ရှု အားပေးကြသည်။

တိုးတက်မှုကို အထောက်အကူပြု
အဆိုပါ မင်္ဂလာပါယဉ်ကျေးမှု ပွဲတော်ကို မြို့၏အချက်အချာကျသော နေရာများ၌ အနုပညာနှင့် ကဗျာဆန်ဆန် တင်ဆက်မှုများကိုပြုလုပ်၍ မြို့သူမြို့သား များထံ ၄င်းတို့မြို့ကို ပြန်လည်ဆောင်ကြဉ်း ပေးခြင်း၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၏ အရေးကြီးသော အချက်ဖြစ်သည့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများနှင့် နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွားများ ဖိတ်ခေါ်၍ နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူပြုခြင်း၊ မြို့ပြနှင့် ပတ်သက်သော သတိရှိသင့်သည့် အကြောင်းအရာများ အပါအဝင် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှု နှင့် အနုပညာရှင်များ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြခြင်းစသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။

လှည့်လည်သရုပ်ပြသသွားမည်
မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်ကို ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဒလ ဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ မဟာဗန္ဓုလ ပန်းခြံ၊ မြေနီကုန်း ခုံးကျော်တံတားနှင့် ပြည်သူ့ရင်ပြင်တို့၌ ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်ကာလအတွင်းL’Homme Debout အဖွဲ့က ဖန်တီးသော အမြင့် ပေ၂ဝ ဝန်းကျင်ရှိ ဝါးဖြင့်ရက်လုပ်ထား သောရုပ်သေးရုပ်ကြီးနှစ်ခုကို ရန်ကုန်မြို့ အတွင်း မြို့သူမြို့သားများ ခြံရံ၍စီတန်း လှည့်လည် သရုပ်ပြသသွားမည်ဖြစ် ကြောင်း သိရသည်။

ပိတ်ပွဲအခမ်းအနား
ပြုလုပ်မည်
ထို့ပြင် လှည့်လည်ပွဲတစ်လျှောက် ပြင်သစ်-မြန်မာ အနုပညာရှင် ၁ဝဝ ကျော် က ဆပ်ကပ်နှင့် တေးဂီတပွဲများ၊ အနုပညာတင်ဆက်မှုများ၊ video mapping ၊ စသည့် ဖျော်ဖြေမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် နှင့် ၄ ရက်တွင် မြို့တော်ခန်းမနှင့် ပြည်သူ့ ရင်ပြင်တို့၌ အနုပညာတင်ဆက်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ ဒီဇင်ဘာ ၄ ရက် တွင် ပြည်သူ့ရင်ပြင်၌ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ပိတ်ပွဲအခမ်းအနား ပြုလုပ်မည်ဖြစ်သည်။

တက်ရောက်
မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးအုန်းမောင်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး Mr. Gautier MIGMOT၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးMr. Olivier Richard ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဖိတ်ကြားထားသူများနှင့် ပြည်သူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment