Thursday, December 29, 2016

ယေရှုခရစ်တော်၏ မွေးနေ့တော်(ခရစ္စမတ်)နှင့် နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းခြင်း ညစာစားပွဲကျင်းပ

Image may contain: 3 people

 
 
 
နေပြည်တော် ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် (MECA)က ကြီးမှူးကျင်းပသည့် ယေရှု ခရစ်တော်၏ မွေးနေ့တော် (ခရစ္စမတ်)နှင့် နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းခြင်း ညစာ စားပွဲကို ယနေ့ ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာ သိက္ခာတော်ရဆရာတော်များက သမ္မာကျမ်းစာ ဖတ်ကြားခြင်း၊ ဆုတောင်း ဆက်ကပ်ခြင်းများ ဆောင်ရွက်ကြပြီး ညစာစားပွဲတက်ရောက်လာသူများက ဓမ္မသီချင်း စုပေါင်း သီဆိုကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သည့် ခရစ္စမတ်ဆုတောင်း သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် သိက္ခာတော်ရဆရာတော်များက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြပြီး မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှEC အဖွဲ့ဝင် များနှင့် မိတ်ဆက်ပေးကာJesse က ဂုဏ်တော်ချီးမွမ်းသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နှုတ်ခွန်းဆက်စကားပြောကြား၍ တေးသံရှင်များက ဂုဏ်တော် ချီးမွမ်းကြပြီး ဒေသနာရှင် Dr. CK No Chum က ခရစ္စမတ်ဒေသနာ ဟောကြားသည်။

ယင်းနောက် သိက္ခာတော်ရ ဆရာတော်ဦးစောရွှေလင်းက နိုင်ငံတော်အတွက် မေတ္တာပို့ ဆုတောင်းစကား ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်(MECA)အသင်းဝင်များက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ညစာ အတူတကွ သုံးဆောင်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment