Tuesday, December 27, 2016

အမေရိကန်တွင် အသက် နှစ်နှစ်အရွယ်ကလေးတစ်ဦး သေနတ်ထိမှန်သေဆုံး



ဝါရှင်တန် ဒီဇင်ဘာ ၂၆ 

အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ဖခင်၏ သေနတ်အား ယူကစားမိရာမှ သေနတ်ထိမှန်ကာ သေဆုံး သည့် စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်တစ်ခု အမေရိကန် ပြည်ထောင်စု အိုဟိုင်းအိုးတွင် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။ သေနတ်ထိမှန် ပြီးနောက် ဆေးရုံသို့အလျင်အမြန် ပို့ဆောင်ခဲ့သော်လည်း ဆေးရုံ၌ ခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်း သေဆုံးခဲ့ကြောင်း သိရ သည်။
သေနတ်သံကြားရပြီးနောက် ကလေးငယ်၏အစ်ကို ဖြစ်သူမှာ အိမ်အပြင်ဘက်သို့ ပြေးထွက်လာပြီး အရေးပေါ် ဖုန်းနံပါတ်ဖြစ်သည့် ၉၁၁ သို့ ခေါ်ဆိုခဲ့ကြောင်း အိမ်နီးချင်း မျက်မြင်တွေ့ရှိသူတစ်ဦးက မီဒီယာသို့ ပြောကြားခဲ့သည်။
သေနတ်ထိမှန်ပြီး သေဆုံးခဲ့သည့်ကလေးငယ်၏ ဖခင်ဖြစ်သူမှာ ၁၉၉၃ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင် နေသည့် အသက် ၅၄ နှစ်အရွယ် ရဲအရာရှိတစ်ဦးဖြစ် ကြောင်း ကလီဗီးလန်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကာ အမှုနှင့်ပတ်သက်ပြီး မည်သူ့ကိုမျှ ဖမ်းဆီးထားခြင်းမရှိသေးကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment