Friday, December 30, 2016

အကျင့်ပျက်ခြစားသော အစိုးရတာဝန်ရှိသူများ ရဟတ်ယာဉ်ပေါ်မှ ကန်ချခံရနိုင်ဟု သမ္မတဒူတာတေး သတိပေး

Image may contain: 1 person
မနီလာ ဒီဇင်ဘာ ၂၉
အကျင့်ပျက်ခြစားသော အစိုးရ တာဝန်ရှိသူများသည် ဝေဟင်အတွင်း ပျံသန်းနေသော ရဟတ်ယာဉ်တစ်စင်း ပေါ်မှ ကန်ချခံရမည့် အလားအလာရှိသည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရစ်ဂို ဒူတာတေးက ခြိမ်းခြောက်ပြောဆို လိုက်ကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက ဒီဇင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
တစ်ချိန်တစ်ခါက အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည်ဟု မသင်္ကာသူ တရုတ်အမျိုးသားတစ်ဦးကို မိမိက ပျံသန်းနေသော ရဟတ်ယာဉ်တစ်စင်း ပေါ်မှ ကန်ချခဲ့ဖူးသည်ဟု ဒူတာတေး က ပြောကြားသည်။၎င်းသည် ဒေါသကြီးသော အစိုးရရှေ့နေတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
အစိုးရတာဝန်ရှိသူများ အကျင့် ပျက်ခြစားမည် မကြံပါနှင့်၊ အကျင့်ပျက် ခြစားသူကို မြို့တော်မနီလာသို့ ရဟတ်ယာဉ်ဖြင့် ခေါ်လာကာ လမ်းခုလတ်မှာပင် ရဟတ်ယာဉ်ပေါ်မှ ၄င်းကိုကန်ချမည်ဖြစ်ကြောင်း၊ ပြစ်မှု ကျူးလွန်သူတစ်ဦးကို ပျံသန်းနေသော ရဟတ်ယာဉ်တစ်စင်းပေါ်မှနေ၍ မိမိ ကန်ချခဲ့ဖူးပြီး နောက်ထပ်လည်း ယင်းသို့ မိမိလုပ်ဆောင်နိုင်ကြောင်း သမ္မတ ဒူတာတေးက ပြောကြားသည်။
တိုင်ဖွန်းမုန်တိုင်းဒဏ်ခံစားခဲ့ရ သူများအား ဒီဇင်ဘာ ၂၇ ရက်က မိန့်ခွန်းပြောကြားစဉ် ဒူတာတေးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ ဒူတာတေး မိန့်ခွန်းပြောကြားသည့် ဗီဒီယိုဖိုင်ကို သမ္မတရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ရိုက်တာ။

No comments:

Post a Comment