Wednesday, December 28, 2016

သဘာဝဘေးအန္တရာယ်လျှော့ချရေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး


 
 
နေပြည်တော် ဒီဇင်ဘာ ၂၇

ကမ္ဘာ့ နိုင်ငံအသီးသီးတို့အနေဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအ္တရာယ် များကို နှစ်စဉ်ကြုံတွေ့ခံစားနေကြရပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများနှင့်အတူ ဘေးအ္တရာယ် လျော့ပါးရေး လုပ်ငန်းများကိုပါ ကြိုတင် မျှော်မှန်း စီမံဆောင်ရွက်နေကြရလျက် ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း သဘာဝ ဘေးအ္တရာယ် လျှော့ချရေးအစီအမံများ ကို နိုင်ငံတော်အပိုင်းသာမက မိတ်ဖက် နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းအကောင်အထည် ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား သဘာဝဘေးအ္တရာယ်လျှော့ချ ရေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှု တိုးမြှင့်ရေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၆ ရက်ညနေပိုင်းတွင် နေပြည်တော်ဟိုတယ် ဇုန်ရှိ Hilton Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်နှင့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့က မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရသော သဘာဝဘေးကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့မှု အခြေအနေများ၊ ဘေးအ္တရာယ် လျော့ပါးရေးလုပ်ငန်းစဉ်များ စီမံ အကောင်အထည်ဖော်ဆောင်ရွက်နေမှု များကိုလည်းကောင်း၊ ဂျပန်နိုင်ငံ မြေယာ၊ ကုန်းလမ်းပို့ဆောင်ရေး၊ အခြေခံ အဆောက်အအုံနှင့် ခရီးသွားလာရေး ဝန်ကြီးMr. Keiichi ISHII က ကြုံတွေ့ခဲ့ရသော သဘာဝဘေးကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ များနှင့် မြန်မာနိုင်ငံ၏ သဘာဝဘေး အ္တရာယ်လျော့ပါးရေးလုပ်ငန်းများတွင် နည်းပညာများ၊ အကြံဥာဏ်များနှင့် အကူ အညီများ တိုးမြှင့်ဆောင်ရွက်ပေးရန် အစီ အစဉ်များကိုလည်းကောင်း နှစ်ဖက် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အမြင် ခြင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)


No comments:

Post a Comment