Tuesday, December 27, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နေအိမ်၌ ခရစ္စမတ်ဓမ္မတေးသီချင်းများ လာရောက်သီဆို



 
 
နေပြည်တော် ဒီဇင်ဘာ ၂၆

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နေအိမ်သို့ ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်း က ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးအတွက် ခရစ်ယာန်လူငယ်များ ဓမ္မတေးအဖွဲ့ လာရောက်၍ ခရစ္စမတ်ဓမ္မတေးသီချင်း များ သီဆိုပြီး ငြိမ်းချမ်းရေးဆုတောင်း စကားများ ဂုဏ်ပြုပြောကြားခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်မိသားစုက ဓမ္မတေးသီချင်းများ သီဆိုရာတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့်တူရိယာပစ္စည်းနှင့် အလှူငွေ များအား ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment