Saturday, December 31, 2016

၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးအကြိုညတွင် ဆောင်ရွက်မည့် လုံခြုံရေးအစီအမံများ စည်းဝေး

Image may contain: one or more people, people sitting, crowd and indoor

ရန်ကုန် ဒီဇင်ဘာ ၃ဝ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ အစည်းအဝေးခန်းမ(၁)၌ နှစ်သစ်ကူးအကြိုညတွင်ဆောင်ရွက်မည့် လုံခြုံရေးအစီအမံများနှင့်စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၃ဝ ရက် နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းကဦးဆောင်ပြီး အမှတ်(၂) လုံခြုံရေးရဲကွပ်ကဲ ရေးမှူး ရဲမှူးချုပ် မြဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်နှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ အမှတ်(၂)မှုခင်း ရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၂) သတင်းရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲတို့မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ စုစုပေါင်း ၁၁၅ ဦးတက်ရောက်ခဲ့သည်။ နှစ်သစ်ကူးအကြိုညတွင် ပြည်သူများ စနစ်တကျအေးချမ်းပျော်ရွှင်နိုင် ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အစည်းအဝေးတက်ရောက်လာသည့် တပ်ဖွဲ့၊ ဌာနများပူးပေါင်းကာ လုံခြုံရေးကို ရန်ကုန်တိုင်းဒေသကြီး အတွင်း ကွက်ပြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment