Wednesday, December 28, 2016

ပျက်ကျခဲ့သော ရုရှားစစ်လေယာဉ်မှ ပျံသန်းရေးဆိုင်ရာ မှတ်တမ်းတင် အသံဖမ်းစက်တစ်လုံးကို ရှာဖွေတွေ့ရှိ

Image may contain: ocean, outdoor, water and nature
မော်စကို ဒီဇင်ဘာ ၂၇
ပင်လယ်နက်အတွင်းသို့ ပျက်ကျခဲ့သော ရုရှားလေယာဉ် တစ်စင်းမှ ပျံသန်းရေးဆိုင်ရာ မှတ်တမ်းတင် အသံဖမ်း စက်တစ်လုံးကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ရုရှားနိုင်ငံ ဆိုချီမြို့အနီးတွင် ဒီဇင်ဘာ ၂၅ ရက်က ဖြစ်ပွားသည့် စစ်လေယာဉ်ပျက်ကျခဲ့ရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိရာတွင် ပျံသန်းရေးဆိုင်ရာ မှတ်တမ်းတင်အသံဖမ်းစက်၏ မှတ်တမ်းများက အထောက်အကူပြုမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားကြသည်။
နှစ်သစ်ကူးကာလတွင် ရှေ့တန်းရောက် ရုရှား တပ်ဖွဲ့ဝင်များကို ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ဆီးရီးယားနိုင်ငံသို့သွားရောက်စဉ် လေယာဉ်ပျက်ကျမှု ဖြစ်ပွားခြင်းဖြစ်သည်။
စစ်လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ၉၂ ဦးလုံးသေဆုံးခဲ့ရပြီး သေဆုံးသူများမှာ ရုရှားတပ်နီသံစုံတီးဝိုင်းအဖွဲ့မှ အဆို တော်များ၊ ဂီတပညာရှင်များ၊ ကချေသည်များနှင့် သတင်းထောက်များဖြစ်ကြသည်။
ရိုက်တာ။

No comments:

Post a Comment