Friday, December 2, 2016

လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး သက်တမ်းလွန်၊ အရည်အသွေးမပြည့်မီသော ဆားဗစ်ကြိုးများ လဲလှယ်



Image may contain: 1 person , tree, house, sky and outdoor
မုံရွာ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ အိမ်တွင်းလျှပ်စစ် အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်လိုင်းကြိုးများမှ အိမ်တွင်းသို့သွယ်တန်းထားသည့် ဆားဗစ်ကြိုးများအသစ် လဲလှယ်ခြင်းလုပ်ငန်း များကို မြို့နယ်များတွင်စတင်လုပ်ဆောင်လျက်ရှိကြောင်း တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံး မှသိရသည်။
အိမ်တွင်းသို့ သွယ်တန်းသည့်ဆားဗစ်ကြိုး များသည် သက်တမ်းလွန်ခြင်း၊ ကြိုးအရည် အသွေး ပြည့်မီမှု မရှိခြင်းတို့ကြောင့် ဆားဗစ်ကြိုးများပြတ်ကျပြီး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပေါ်ခြင်း၊ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုများ ဖြစ်ပွားမှုများရှိခြင်းကြောင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများမှ လျှပ်စစ်မီးအသုံးပြုသည့် နေအိမ်များတွင်လက်ရှိအသုံးပြုလျက်ရှိသော ဆားဗစ်ကြိုးများကို လိုက်လံစစ်ဆေးကာ ဖြစ်ပွားနိုင်သည့်လျှပ်စစ် အန္တရာယ်များကို ရှင်းလင်းပြောကြားပြီး အသစ်လဲလှယ်တပ်ဆင်ရန်လိုအပ်သော ဆားဗစ်ကြိုးများကိုလည်း သက်ဆိုင်ရာအိမ်ရှင်များဖြင့်ညှိနှိုင်းပြီး အသစ်လဲလှယ် တပ်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
''လက်ရှိသုံးနေတဲ့ ဆားဗစ်ကြိုးတွေမှာ တချို့တွေက သက်တမ်းအတော်ကိုလွန်နေပြီ။တချို့အိမ်တွေက သက်တမ်းမလွန်ပေမယ့် တပ်ဆင်စဉ်က အရည်အသွေးမပြည့်မီတဲ့ ကြိုးတွေကို အိမ်ရှင်တွေနဲ့ညှိနှိုင်းပြီး အသစ် 
လဲလှယ်တပ်ဆင်စေတာပါ။ အရည်အသွေး မပြည့်မီတဲ့၊ သက်တမ်းလွန်တဲ့ ဆားဗစ်ကြိုးတွေကိုသုံးစွဲနေတဲ့အတွက် အချိန်မရွေးအန္တရာယ်ရှိနိုင်ပါတယ်။ ဆားဗစ်ကြိုးတွေ ပြတ်ကျပြီး ဓာတ်လိုက်သေဆုံးမှုတွေဖြစ်တယ်။ ဆားဗစ်ကြိုးတွေပေါက်ပြဲပြီး ဓာတ်လိုက်မှု တွေဖြစ်ပေါ်နိုင်တဲ့အတွက် အသစ်လဲလှယ် တပ်ဆင်ခြင်းကို မြို့နယ်တိုင်းမှာလုပ်တာပါ'' ဟု တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူး
ရေးလုပ်ငန်းအင်ဂျင်နီယာရုံးမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးမျိုးသန့်ထွန်းက ပြောသည်။

အဆိုပါ သက်တမ်းလွန်ဆားဗစ်ကြိုးများနှင့် အရည်အသွေးမပြည့်မီသည့် ဆားဗစ် ကြိုးများလဲလှယ်ခြင်းလုပ်ငန်းကို စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မော်လူး၊ အင်းတော် မြို့များတွင် ယခုလဆန်းပိုင်းတွင် စတင်လုပ်ဆောင်လျက်ရှိပြီး ကျန်မြို့များတွင် လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ က လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မင်းဝေ(မုံရွာ)

No comments:

Post a Comment