Saturday, December 31, 2016

နိုင်ငံတကာလွှတ်တော်ပါလီမန်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့်ကိစ္စရပ်များ ဆွေးနွေး

Image may contain: 3 people, people sitting, table and indoor

နေပြည်တော် ဒီဇင်ဘာ ၃ဝ 

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ သံအမတ်ကြီး H.E. Mr. Sahal Moustafa Ahmed Ergesous အား ယနေ့ နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဆော်ဒီနိုင်ငံနှင့် မြန်မာ နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် လွှတ်တော်၏ ဥပဒေပြု ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာ လွှတ်တော်ပါလီမန်များနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment