Thursday, December 1, 2016

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ စည်းဝေး



Image may contain: 2 people , indoor
နေပြည်တော် နိုဝင်ဘာ ၃ဝ
မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ် ရေးကော်မတီ၏(၄/၂ဝ၁၆) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မော်တော်ယာဉ်တင်သွင်းမှု နှင့်ပတ်သက်၍ ဌာနဆိုင်ရာများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းပေါင်းစပ်ခြင်းဖြင့် တွေ့ကြုံရသည့် အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာဆောင်ရွက်ခြင်းဖြင့် မှန်ကန်သော ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်ခြင်းသည် အရေးကြီးသောအချက်ဖြစ်ပြီး ကောင်းမွန်သော ရလဒ်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများ၊ ပြဿနာများ၊ ဖြစ်သင့် ဖြစ်ထိုက်သည်များကို ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆုံးဖြတ် ဆောင်ရွက်နိုင်ရေးအတွက် ကောင်းမွန်သော အကြံပြုဆွေးနွေးချက်များဖြင့် ဆွေးနွေးညှိနှိုင်းပေးကြရန် စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ အား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment