Thursday, December 1, 2016

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်ရှိ သံဃာတော်များအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများကဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ စာအောင်ဆုထာဝရငွေပဒေသာပင် အလှူငွေများ လှူဒါန်း



Image may contain: 8 people , table and food
နေပြည်တော် နိုဝင်ဘာ ၃ဝ
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် များအား ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် စာအောင်ဆုထာဝရငွေပဒေသာပင် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
လှူဒါန်းပွဲသို့ မစိုးရိမ်တိုက် သဒ္ဓမ္မနယူပဒေသ ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌ ဂုရု ဘဒ္ဒန္တ ပဒုမာဘိဝံသနှင့် မစိုးရိမ်တိုက်သစ် မဟာနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကေသရာဘိဝံသ အမှူးပြုသော သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဧည့်ပရိသတ်များတက်ရောက်ကြသည်။
လှူဒါန်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက် တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ချီးမြှင့်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က လှူဖွယ်ပစ္စည်းများနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီနှင့် စာအောင်ဆုထာဝရငွေပဒေသာပင် အလှူငွေများအား လှူဒါန်းသည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချအမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ကျင်းပသည့် လှူဒါန်းပွဲ၌ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်ရှိ သံဃာတော်များအတွက် ဆွမ်းဆန်တော် အိတ် ၈ဝ၊ ဆီပိဿာ ၂ဝဝ၊ ဆား၊ အာလူး၊ ကြက်သွန်များ၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေကျပ်သိန်း ၁ဝဝ တို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment