Friday, December 2, 2016

ရန်ကုန်ဘူတာကြီး ယာဉ်ဝင်ထွက်ဂိတ်များ၌ စနစ်တကျရှာဖွေ



Image may contain: car and outdoor
မင်္ဂလာတောင်ညွန့် ဒီဇင်ဘာ ၁
ရထားရဲတပ်ဖွဲ့ အမှတ် ၃ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးမျိုးဇော်ဦး၏ ကွပ်ကဲမှုဖြင့် အမှတ် ၁၃ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးပီတာမြင့်သိန်း ဦးစီးတပ်ဖွဲ့ဝင် ၂၅ ဦး၊ သိမ်ဖြူမီးရထားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့စု ၃၄ မှ ရဲဒုတပ်ကြပ် ဝဏ္ဏထွန်းပူးပေါင်းအဖွဲ့သည် ရထားစီးခရီးသည်များ စိတ်ချမ်းမြေ့စွာနှင့် အန္တရာယ်ကင်းစွာ ခရီးသွားလာနိုင်ရေးအတွက် ရန်ကုန်ဘူတာကြီး ယာဉ်ဝင်ထွက်ဂိတ်သုံးနေရာမှ အငှားယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များအား နိုဝင်ဘာ ၂၈ ရက် ည ၈ နာရီမှစ၍ စနစ်တကျရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
၁၁၈

No comments:

Post a Comment