Tuesday, November 1, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဆိုးလ်မြို့ရှိ ရေသန့်စက်ရုံနှင့် Transport Control Center တို့အား လေ့လာ



Image may contain: 7 people
နေပြည်တော် အောက်တိုဘာ ၃၁
ကိုရီးယားသမ္မတနိုင်ငံ၌ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁ဝ နာရီတွင် Arisu Filtration Plant (ရေသန့် စက်ရုံ)သို့ သွားရောက်ကြည့်ရှု လေ့လာသည်။
ယင်းနောက် ဆိုးလ်မြို့ရှိ Transport Control Center ကို ကြည့်ရှုလေ့လာသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ် ပြီးဆုံး၍ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာ အင်ချွန်လေဆိပ်တွင် ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သူရ ဦးသက်ဦးမောင်တို့က လိုက်လံပို့ဆောင်နှုတ်ဆက် ကြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ည ၁ဝ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Yoo Jae-kyung တို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment