Tuesday, November 1, 2016

စက်မှု၊ စွမ်းအင်၊ ကုန်သွယ်ရေးနှင့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရေး ဆွေးနွေး



Image may contain: 2 people
နေပြည်တော် အောက်တိုဘာ ၃၁
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ချက်သမ္မတနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး H.E.Mr.Jan Mla’dek ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် စက်မှု၊ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment