Monday, November 28, 2016

နမ့်ခမ်းမြို့နယ် လွယ်အင်ကျေးရွာတွင်TNLA လက်နက်ကိုင်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲ မူဆယ်မြို့နယ် ပန်ခမ်းတံတားတွင် လက်လုပ်မိုင်းတစ်လုံးတွေ့၊KIA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးဖမ်းဆီးရမိ


နေပြည်တော် နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လွယ်အင်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက TNLA လက်နက်ကိုင် အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး မူဆယ်မြို့နယ်အတွင်းရှိ ပန်ခမ်းတံတားတွင်KIA လက်နက်ကိုင် အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ရေးကော်မတီက သတင်းထုတ်ပြန် ထားသည်။

နမ့်ခမ်းမြို့နယ် လွယ်အင်ကျေးရွာ အဝင် ညောင်ပင်အနီးတွင် နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်ကTNLA လက်နက်ကိုင်အဖွဲ့ ထောင်ထား သည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီခန့်ကလည်း ပန်ခမ်းကျေးရွာမှ မူဆယ်မြို့ဘက်သို့ ဆိုင်ကယ်နှစ်စီးဖြင့် မောင်းနှင်လာသော အမျိုးသား သုံးဦး သည် ပန်ခမ်းတံတားအလွန် လမ်းဘေး တွင် မိုင်းတစ်လုံးပစ်ချဖောက်ခွဲသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် ရှင်းလင်းရာ ယင်းဆိုင်ကယ် နှစ်စီးမှာ မူဆယ်မြို့တွင်းသို့ မောင်းနှင်ထွက်ပြေး သွားကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ ယနေ့နံနက် ၉ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ပန်ခမ်းတံတားတစ်ဝိုက် နယ်မြေ ရှင်းလင်းစဉ် လမ်းဘေးအမှိုက်ပုံအနီးမှ လက်လုပ်မိုင်းတစ်လုံးတွေ့ရှိပြီး ပန်ခမ်း တံတားပေါ်တွင်လည်း မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို တွေ့ရှိသဖြင့် စိစစ်ရာ KIA လက်နက်ကိုင်အဖွဲ့မှ တပ်သားအဆင့်ရှိသူ ဂန်မွန်း (ဘ) ဦးနေဂဒေါင်၊ ပန်ဂျတ်ရွာ မန်ဝိန်းကြီး အုပ်စု ဗန်းမော်မြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်းသိရသဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment