Monday, November 28, 2016

လက်ပံချောင်းတံတား အမြန်ပြုပြင်ဆောက်လုပ်ပေးရန် ဒေသခံများမျှော်လင့်

ထင်သာမြင်သာပြုပြင်စရာ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ညောင်ပင်သာ-မယ်ဇလီ ရွာနှင့် ဒိုးပင်ရွာချင်းဆက်လမ်းပေါ်ရှိ မဲဇာ ချောင်း၏ ချောင်းလက်တက်တစ်ခု ဖြစ်သော လက်ပံချောင်းကိုဖြတ်လျက် တည်ဆောက်ထားသော လက်ပံချောင်း တံတားသည် ဇူလိုင် ၂၅ ရက်က ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ပြိုလဲပျက်စီး ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ စိုက်ခင်းက ဒီချောင်းရဲ့တစ်ဖက်ကမ်းမှာ ရှိပါတယ်။ တံတားကောင်းတုန်းကတော့ အိမ်ကနေ နေ့သွား၊ ညပြန် အလုပ်သွားလုပ်ရတာ အဆင်ပြေပါတယ်။ အခု တံတားမရှိတော့ ချောင်းဝအထိ ပတ်ပြီးမှ သွားနေရတော့ စိုက်ခင်းနဲ့ အိမ်ကဝေးသွားပါတယ်။ နေ့သွား၊ ညပြန်မလုပ်နိုင်တော့လို့ အခင်း ထဲမှာ မိသားစုအလိုက် ပြောင်းပြီး အလုပ် လုပ်နေရတာ အဆင်မပြေပါဘူး။ သီးနှံ ရိတ်သိမ်းတဲ့အချိန်မှာလည်း ဒီတံတား ရှိတဲ့ အချိန်တုန်းကတော့ သီးနှံတွေ သယ်ယူပို့ဆောင်ရတာ လွယ်ကူပေမယ့် ဒီနှစ်တံတားမရှိတော့ ချောင်းက လည်း လှည်းမပေါက်၊ လှေမပေါက်နဲ့ အခက်အခဲ ရှိနိုင်ပါတယ်'' ဟု ဒေသခံတောင်သူ တစ်ဦးက ပြောသည်။

အဆိုပါ လက်ပံချောင်းတံတားသည် ညောင်ပင်သာရွာ - မယ်ဇလီရွာ- ဒိုးပင် ရွာချင်းဆက်လမ်းမှ အမှတ်(၃) ခရိုင် ချင်းဆက်လမ်းမကြီးနှင့် ဆက်သွယ် ထားသောလမ်းပေါ်တွင် အဓိကတံတား တစ်စင်းဖြစ်ပြီး အလျား ပေ ၁၂ဝ၊ အနံ ၁၄ ပေ၊ အမြင့် ၁၅ ပေရှိပြီး သစ်သား တံတားဖြစ်သည်။ ဇူလိုင်လအတွင်းက ပျက်စီးသွားသော်လည်း လက်ရှိအခြေ အနေအတိုင်းသာရှိနေပြီး ပြုပြင်ဆောက် လုပ်ခြင်းမရှိသေးသည့်အတွက် ပြည်သူ များက အမြန်ဆုံးပြုပြင်ပေးရန် မျှော် လင့်လျက်ရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment