
နေပြည်တော် နိုဝင်ဘာ ၂၄
RCSSနှင့် TNLA လက်နက်ကိုင် အဖွဲ့များ နမ္မတူမြို့နယ် မိုင်းဆင်ကျေးရွာအနီး၌ ယမန်နေ့ မွန်းလွဲပိုင်းက တိုက်ပွဲ ဖြစ်ပွားစဉ် မိုင်းဆင်တံတားဖျက်ဆီးခံခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် နမ္မတူ မြို့နယ် မိုင်းဆင်ကျေးရွာအနီး RCSS နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး မိုင်းဆင်တံတား ဖျက်ဆီးခံရကြောင်း သတင်းရရှိသဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ နမ္မတူ-မုံဝီးသွား ကားလမ်း မိုင်တိုင်အမှတ်(၄/၄ ဒသမ ၅)အကြား မိုင်းဆင် ဘေလီတံတား၏ အလယ်ကြမ်းခင်းအချို့ မီးလောင်ပျက်စီး နေသည်ကို တွေ့ရကြောင်း သိရသည်။
ထို့ပြင် တံတားအနီးတွင် TNLA အဖွဲ့မှ ကျန်ရစ်ခဲ့သည့် အစိမ်းရောင် ကျောပိုးအိတ်တစ်လုံး၊ ပြောက်ကျား လျှာထိုး ဦးထုပ်တစ်လုံး၊ မိုင်းခွဲရာတွင် အသုံးပြုသည့် ၁၂ ဗို့ ဆိုင်ကယ်ဘက်ထရီခြောက်တစ်လုံး၊ ပေ ၅ဝ အရှည်ခန့်ရှိ အစိမ်းရောင် ဝါယာကြိုးပျော့နှစ်ချောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment