Friday, November 25, 2016

လက်နက်ကိုင်အဖွဲ့များပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲသဖြင့် အပြစ်မဲ့ပြည်သူ နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ


No automatic alt text available.
နေပြည်တော် နိုဝင်ဘာ ၂၄
နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက KIA၊ TNLAနှင့် MNDAA လက်နက်ကိုင်အဖွဲ့များ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ဆန်ကျရောက် ပေါက်ကွဲသဖြင့် အပြစ်မဲ့ပြည်သူ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ညနေ ၄ နာရီခန့်က နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စု ဟိုနားကျေးရွာမှ ဦးပီကိုင်း ရှော့နှင့် ၄င်း၏သားများဖြစ်သော ပီကျုံးကိုင်းနှင့် ပီကပ်စောတို့သည် နေအိမ်၌ရှိစဉ် KIA၊TNLAနှင့် MNDAA လက်နက်ကိုင်အဖွဲ့များ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဆန် နေအိမ်ခေါင်မိုးပေါ် ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဦးပီကိုင်းရှော့နှင့် ပီကပ်စောတို့ သေဆုံး ခဲ့ပြီး ပီကျုံးကိုင်းမှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ပီကျုံးကိုင်းအား ကောင်းကတ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment