Friday, November 25, 2016

မူဆယ်မြို့စစ်ဘေးရှောင်စခန်းများရှိ ဒေသခံပြည်သူများအား နယ်စပ်ရေးရာဝန်ကြီးဌာနက ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ခြုံစောင်များ ထောက်ပံ့

Image may contain: 8 people , people smiling , crowd, child and outdoor
နေပြည်တော် နိုဝင်ဘာ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊မူဆယ်မြို့စစ်ဘေးရှောင်စခန်းများရှိ ဒေသခံပြည်သူ များနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအိမ်ထောင်စု ၁ဝဝဝ၊ လူဦးရေ ၃၄၆ဝ အတွက် ဆန်အိတ် ၂၈၄ အိတ်၊ ဆီ ၅၄၅ ပိဿာ၊ ကုလားပဲ ၁၂၁၁ ပိဿာ၊ ဆား ၁၂၂ ပိဿာ နှင့် ခြုံစောင်အထည် ၁ဝဝဝ တို့ကို ထောက်ပံ့ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးစခန်း များသို့ သွားရောက် လွှဲပြောင်း ပေးအပ်ခဲ့သည်။
မူဆယ်ဒေသတွင် လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒေသခံတိုင်းရင်းသား ပြည်သူများအား မူဆယ်မြို့ရှိ မဟာဝန်(မြောက်) ဘုန်းကြီးကျောင်း၊ ဇေတဝန်ကမ္မဋ္ဌာန်းကျောင်း၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်း၊ နမ့်ခွမ်ဘုန်းကြီးကျောင်း၊ ဟိုမွန် ရပ်ကွက် ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်း၊ စိမ့်ပီတာခရစ် ယာန်ကျောင်း၊ ဂေါ်ရခါးသာရေးနာရေးလူငယ်အသင်း တို့တွင် လည်းကောင်း၊ ဝန်ထမ်းမိသားစုများအား အထက (၂)နှင့် အမက(၄)တို့တွင်လည်းကောင်း ယာယီကယ်ဆယ် ရေးစခန်းများ ဖွင့်လှစ်ကာ လိုအပ်သော ကူညီစောင့်ရှောက် မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment