Friday, November 25, 2016

KIAလက်နက်ကိုင်အဖွဲ့က ပြည်ထောင်စုလမ်းမကြီးကို ပိတ်ဆို့မှု တပ်မတော်က ရှင်းလင်း၊ ယာဉ်များသွားလာနိုင်ပြီ



 
 
 
 
 
နေပြည်တော် နိုဝင်ဘာ ၂၄

မူဆယ်မြို့နယ် ကောင်းခါးရွာအနီး ပြည်ထောင်စုလမ်းမကြီးကို ယနေ့ နံနက်ပိုင်းတွင်KIAလက်နက်ကိုင်အဖွဲ့က ယာဉ်များကန့်လန့်ဖြတ်ရပ်ကာ လမ်းပိတ်ဆို့ထားသဖြင့် တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းခဲ့ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ရှင်းလင်းနိုင်ခဲ့
မူဆယ်မြို့ အရှေ့တောင်ဘက် ၁၆ မိုင်ခန့်အကွာ မော်တောင်းကျေးရွာနှင့် နမ့်အွန် ကျေးရွာအကြား၊ ကောင်းခါးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယနေ့ နံနက် ၉နာရီ ၄၅ မိနစ်ခန့်ကKIA လက်နက်ကိုင်အဖွဲ့က တွဲကားယာဉ်များကို အတင်းအကျပ် ရပ်တန့်စေပြီး ကန့်လန့်ဖြတ်ပိတ်ကာ ယာဉ်သွားလာမှုကို ပိတ်ဆို့ထားသဖြင့် တပ်မတော်စစ်ကြောင်းက ရှင်းလင်းခဲ့ရာ နံနက် ၁ဝ နာရီခွဲခန့်တွင် ရှင်းလင်းနိုင်ခဲ့ပြီး ပိတ်ဆို့နေသည့် ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဉ်များ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင်KIA ၊ TNLA နှင့်MNDAA လက်နက်ကိုင်အဖွဲ့များသည် မူဆယ်မြို့ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ တပ်မတော်စခန်းတစ်ခုကို ယနေ့ နံနက် ၆ နာရီခွဲခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment