
နေပြည်တော် နိုဝင်ဘာ ၂၅
ကွတ်ခိုင်မြို့ မြောက်ဘက် ၁၃ မိုင်ခန့် အကွာ အထက် နမ့်ဖတ်လွန်းကျေးရွာ အနီး၌ နိုဝင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်၌ KIA၊ TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသည့် ယာဉ်ကြီး၊ ယာဉ်ငယ် များအား တားဆီးကာ ၂၂ ဘီးယာဉ် နှစ်စီးနှင့် ခရီးသည်တင် မှန်လုံယာဉ် တစ်စီးတို့အား ခေါင်းချင်းဆိုင်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။
အလားတူ ကွတ်ခိုင်မြို့ မြောက်ဘက် ၁၆ မိုင်ခန့်အကွာ မန်လွယ်ရွာအနီး အဆိုပါလက်နက်ကိုင် ပူးပေါင်းအဖွဲ့များကပင် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သွားလာနေသည့် ယာဉ်များအား နှောင့်ယှက်တားဆီး ခဲ့ပြီး PARADO ယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကနဦးသတင်း များအရ သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment