
နေပြည်တော် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း ဒဏ်ရာရရှိခဲ့သော ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မူဆယ် ပြည်သူ့ဆေးရုံ လူနာဆောင်၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
ပြင်းထန်စွာဒဏ်ရာရရှိသူ တစ်ဦးလျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့် လူနာ ၁၅ ဦးအတွက် ငွေကျပ် ၄၅ သိန်း၊ သာမန်ဒဏ်ရာရရှိသူ တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ၁၃ ဦးအတွက် ငွေကျပ် ၁၃ သိန်း စုစုပေါင်း ငွေကျပ်၅၈ သိန်းအား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့ပြင် မူဆယ်ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌကလည်း ဒဏ်ရာရ ပြည်သူတစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment