Tuesday, November 29, 2016

ဂျာမန်လူငယ်ကစားသမားဘရန့်အား လီဗာပူးခေါ်မည်


ကောင်းမြတ်သူ-စုစည်းသည်

ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းသည် ဂျာမန်လူငယ်ကစားသမား ဘရန့်အား လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ရေး ကြိုးစားလျက်ရှိကြောင်း ဘရန့်၏ ကစားပွဲများကို စောင့်ကြည့်လေ့လာခဲ့ပြီးဖြစ်ကြောင်း လီဗာပူးကလပ် တာဝန် ရှိသူများက ပြောသည်။
''ကျွန်တော်တို့အသင်းက နေရာစုံမှာ ကစားသမားအင်အားတောင့်တင်းနေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် တောင်ပံနဲ့ တိုက်စစ်တွေမှာ ထက်မြက်တဲ့ လူငယ်ကစား သမားတွေ လိုအပ်ပါတယ်''ဟု လီဗာပူးနည်းပြကလော့ခ်ျက ပြောသည်။
ဘရန့်သည် အသက် ၂ဝ အရွယ်ရှိပြီး လောလောဆယ်တွင် လေဗာကူဆင်အသင်း ၌ ကစားနေသည့် ကွင်းလယ်နှင့်တောင်ပံကစားသမားဖြစ်သည်။ ဘရန့်သည် ကွင်း လယ်နှင့် တောင်ပံတို့တွင်သာမက အထောင်တိုက်စစ်တွင်လည်း ထူးချွန်စွာ ကစားနိုင် သော တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်သည်။ လီဗာပူးအသင်းတွင် လာမည့် ဇန်နဝါရီလ၌ အာဖရိကဖလားဘောလုံးပွဲကစားရန် မာနေးအား ပြန်လွှတ်ရန် ရှိနေပြီး ၄င်းနေရာတွင် အစားထိုးရန် ဘရန့်အား လာမည့် ဇန်နဝါရီလတွင် ခေါ်ယူနိုင်ရေး လီဗာပူးက ကြိုးစား နေခြင်းဖြစ်သည်။ဘရန့်၏ အားသာချက်မှာ ကွင်းလယ်၊ တောင်ပံ၊ အထောင်တိုက်စစ် အပြင် ခံစစ်ပိုင်းကိုလည်း လိုက်ပါအထောက်အကူပေးနိုင်သော ထူးခြားသည့်စွမ်း ဆောင်မှုရှိသည့် ဂျာမန်လူငယ်ကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment