Tuesday, November 29, 2016

လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ယူတို့ အခြေအနေကောင်းပါ့မလား



မိုးမြင့်လင်းလက်

ဒီတစ်ပတ်ကြားရက်ဖြစ်တဲ့ နိုဝင်ဘာ ၃ဝ နဲ့ ဒီင်္ဇင်ဘာ ၁ ရက်တွေမှာတော့ အင်္ဂလန်လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို စတင်ကစားတော့မှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အာဆင် နယ်၊ လီဗာပူးနဲ့ မန်ယူတို့အနေနဲ့ ပြိုင်ဘက်တွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေသလို ဘယ်အသင်းတွေ ကွာတားအဆင့်ကို ကျော်ဖြတ်သွားနိုင်မလဲ ဆိုတာ အကဲခတ်သုံးသပ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ကြားရက်မှာလည်း ပရိသတ်တွေအတွက် ပွဲကောင်းတွေက စည်ဝေနေဦးမှာ သေချာနေပါတယ်။

မန်ယူနှင့် ဝက်စ်ဟမ်း
ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှုရလဒ်ကိုကြည့်ရင် ဝက်စ်ဟမ်းတို့က သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ပွဲရထားပါတယ်။ မန်ယူနဲ့ ဝက်စ်ဟမ်းတို့ စုစုပေါင်း တွေ့ဆုံခဲ့ရာမှာတော့ ဝက်စ်ဟမ်းက ၄၃ ပွဲနိုင်ပြီး မန်ယူက ၆၂ ပွဲနိုင်ကာ သရေ ပွဲ ၂၉ ပွဲဖြစ်ထားပါတယ်။ မန်ယူရဲ့ လက်ရှိစွမ်းဆောင်မှု ကိုကြည့်ရင် အာဆင်နယ်ကို သရေပွဲဖြစ်ပြီး ဖီယင်နုကို လေးဂိုးပြတ်နိုင်ပွဲရထားခဲ့တာမို့ အခုပွဲ အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို အသာစီးရအောင်ကြိုးစားပါလိမ့်မယ်။ ဝက်စ်ဟမ်းတို့က သရေပွဲ၊ ရှုံးပွဲတွေဆက်နေပြီး ပေးဂိုး လည်း များနေတာမို့ မန်ယူတိုက်စစ်မှူးတွေ ဂိုးဘယ် လောက် သွင်းယူနိုင်မလဲကြည့်ရမှာပါ။ ဒီပွဲမှာ အိမ်ကွင်း ဖြစ်တာမို့ ဂိုးမပြတ်ပေမယ့် အိမ်ရှင်တို့ကပ်ပြီး နိုင်ပွဲရ သွားနိုင်ပါတယ်။

အာဆင်နယ်နှင့် ဆောက်သမ်တန်
၂ဝ၁၁ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံးအကြိမ် လိဂ် ဖလားကွာတားဖိုင်နယ်ကို တက်ရောက်လာတဲ့ အာဆင် နယ်ဟာ မျှော်မှန်းချက်ကြီးမားနေတာမို့ ဒီပွဲကို အနိုင်ရ အောင် အားထုတ်ပါလိမ့်မယ်။ အာဆင်နယ်ရဲ့ လက်ရှိ ကစားအားကိုကြည့်ရင် သရေပွဲတွေ ဆက်တိုက်ဖြစ်နေ တဲ့အပြင် တိုက်စစ်စွမ်းရည်လည်း မြှင့်တင်ဖို့လိုအပ်နေပါ တယ်။ ဆောက်သမ်တန်တို့ကတော့ လီဗာပူးကို အိမ် ကွင်းမှာ ဂိုးမရှိသရေပွဲ ကစားနိုင်ခဲ့တာမို့ အာဆင်နယ်တို့ သတိထားရပါလိမ့်မယ်။ ဆောက်သမ်တန်တို့ဟာ ဒီပွဲမှာ အနိမ့်ဆုံး သရေရအောင် ကြိုးစားမှာမို့ တိုက်စစ်ဖွင့်ပြီး ကစားမှာ သေချာပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ပွဲရလဒ်ကိုကြည့်ရင် အာဆင်နယ်ကွင်းမှာ ဆောက်သမ်တန်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးထားတာမို့ အခု ပွဲမှာလည်း အဲဒီရလဒ်မျိုးလည်း ထွက်ပေါ်လာနိုင်ပါ တယ်။

လီဗာပူးနှင့် လိဒ်
အင်္ဂလန်လိဂ်ဖလားပြိုင်ပွဲမှာ အကောင်းဆုံးမှတ် တမ်း ရေးထိုးထားနိုင်တဲ့ လီဗာပူးဟာ လိဂ်ဖလား ရှစ် ကြိမ်ရရှိထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးရဲ့ အစဉ်အလာက လိဒ်ကို စိုးရိမ်ပူပန်မှုဖြစ်စေမှာတော့အမှန်ပါပဲ။ လိဒ်ရဲ့ လိဂ်ဖလားသမိုင်းမှတ်တမ်းကလည်း လွန်ခဲ့တဲ့ ၄၈ နှစ် က ချန်ပီယံဖြစ်ခဲ့ဖူးတာမို့ အခုပွဲစဉ် မှတ်တမ်းသစ် ထပ်မံ ရေးထိုးနိုင်ရေးကြိုးစားလာပါလိမ့်မယ်။ ချန်ပီယံရှစ်မှာ ကစားနေတဲ့ လိဒ်အသင်းဟာ လောလောဆယ်မှာတော့ တန်းစီဇယားသတ္တမနေရာမှာ ရှိနေပြီး တိုက်စစ်စွမ်းရည် ထက်မြက်မှုမရှိပါဘူး။ ဒါ့အပြင် ပွဲတိုင်းနီးပါး ပေးဂိုးတွေ ခွင့်ပြုနေရတဲ့ လိဒ်ရဲ့ ခံစစ်ကြောင်းကလည်း မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။ လိဒ်ကွင်းမှာ လီဗာပူးနဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ လီဗာပူးတို့က တစ်ဂိုး- ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ ဒီနှစ် လီဗာပူးရဲ့ ခြေစွမ်းက အ ကောင်းဆုံး ပြသနေပြီး ပွဲတိုင်းရမှတ်မဆုံးရှုံးအောင် စွမ်းဆောင်နိုင်နေပါတယ်။ ပရီမီယာလိဂ်မှာ ဒီနှစ် ၁၂ ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲတစ်ပွဲသာရှိသေးတဲ့ လီဗာပူးရဲ့ အားထုတ်မှုကို လိဒ်တို့ ဟန့်တားထိန်းချုပ်ဖို့မလွယ်ပါ ဘူး။ ဒီပွဲဟာ လီဗာပူးရဲ့ နိုင်ပွဲဖြစ်ပါလိမ့်မယ်။

ဟားလ်စီးတီးနှင့် နယူးကာဆယ်
ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှု ပွဲရလဒ်ကိုကြည့်ရင် နယူးကာဆယ်က အဝေးကွင်းမှာ သုံးဂိုးပြတ်နိုင်ပွဲရခဲ့ ပါတယ်။ နယူးကာဆယ်ဟာ ဒီနှစ် ချန်ပီယံရှစ်မှာတော့ တန်းစီဇယားကို ဦးဆောင်နေပြီး တိုက်စစ်စွမ်းရည်က လည်း ထက်မြက်လွန်းနေပါတယ်။ ဟားလ်စီးတီးတို့က တော့ ပရီမီယာလိဂ်မှာ တန်းဆင်းဇုန်ထဲ ကျဆင်းနေပြီး အဆိုးရွားဆုံး တိုက်စစ်၊ ခံစစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရ တာမို့ အမြန်ဆုံးပြင်ဆင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိ ခြေစွမ်းကိုကြည့်ရင် နယူးကာဆယ်တို့က ကာဒစ်နဲ့ လိဒ် အသင်းတွေကို နိုင်ပွဲဆက်တိုက်ရအောင် ကစားထား တာမို့ ဟားလ်စီးတီးတို့ မလွယ်ပါဘူး။ ဒါပေမယ့် ဆောက် သမ်တန်ကို အိမ်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ခြေစွမ်းမျိုး ဟားလ်စီးတီးတို့ ပြန်ရရင်တော့နယူးကာ ဆယ်တို့လည်း ပွဲကျပ်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒီနှစ်ရဲ့ စုစုပေါင်း ၂၄ ကြိမ် တွေ့ဆုံခဲ့မှုရလဒ်ကိုကြည့်ရင် နယူးကာဆယ်က ၁၂ ပွဲနိုင်ပြီး ဟားလ်စီးတီးက ခြောက် ပွဲနိုင်ကာ သရေပွဲ ခြောက်ပွဲဖြစ်ထားပါတယ်။ ဒီပွဲမှာ ခြေစွမ်းကောင်းမွန်နေတဲ့ နယူးကာဆယ်တို့ နိုင်ပွဲရသွား ပါလိမ့်မယ်။ ။

No comments:

Post a Comment