Wednesday, November 30, 2016

စက္ကူစက်ရုံ(စစ်တောင်း)နယ်မြေရှိ ဝန်ထမ်းအိမ်ရာများသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏စီမံပိုင်ခွင့်ရှိသော အိုးအိမ်အဆောက်အအုံများဖြစ်







 

နေပြည်တော်     နိုဝင်ဘာ     ၂၉

ဒုတိယအကြိမ်   အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက် ၁ဝ နာရီက  နေပြည်တော်ရှိ အမျိုးသားလွှတ်တော်   အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်    မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ  ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ်  ကျိုက်ထို မြို့နယ်     သိမ်ဇရပ်ရှိ     စက္ကူစက်ရုံ (စစ်တောင်း)အား   ၂ဝ၁၃   ခုနှစ်တွင်Industrial Complex   အနေဖြင့် စက်မှုဇုန်(၁)(၂)(၃)အဖြစ် ထူထောင်ရန် ရွှေသံလွင်ကုမ္ပဏီလီမိတက်၏   တင်ပြ ချက်အရ   ၂ဝ၁၁   ခုနှစ်၌   စာချုပ်ဖြင့် ငှားရမ်းခဲ့မှုကို   သိရှိလိုခြင်း  မေးခွန်းနှင့် စပ်လျဉ်း၍          စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက စက္ကူစက်ရုံ(စစ်တောင်း)၏  စက်ရုံမြေ ဧရိယာ ၉၂၆ ဧကအနက် မြေဧရိယာ ၆၉၈ ဒသမ ၄၂ ဧကကို  ရွှေသံလွင် ဟိုင်းဝေး ကုမ္ပဏီလီမိတက်အနေဖြင့် စက်ရုံစုများ ဖော်ထုတ်ရန်အတွက် ၂ဝ၁၅ ခုနှစ်  မတ် ၂၂ ရက်က    စက်မှုစီးပွား  မြေငှားဂရန် လျှောက်ထားခဲ့ပြီး ၂ဝ၁၅ ခုနှစ် စက်တင် ဘာ ၁ဝ ရက်မှ ၂ဝ၄၅ ခုနှစ်  စက်တင်ဘာ ၉ ရက်အထိ တစ်နှစ်လျှင် မြေငှားရမ်းခငွေ$ ၄၁ သန်းကျော်ဖြင့် နိုင်ငံတော်က နှစ် ၃ဝ  မြေငှားစာချုပ်ခွင့်ပြုထားပါကြောင်း။   

စက်မှုဝန်ကြီးဌာနအနေဖြင့်  စက်ရုံ မြေနှင့် ကုန်ကြမ်းမြေများကို  နိုင်ငံတော် သို့ ပြန်လည်အပ်နှံပြီး  ဌာနပိုင်အဆောက် အအုံနှင့်   စက်ရုံများ၏   ပုံသေပိုင်ပစ္စည်း တန်ဖိုးငွေ$ ၄၇၆၅ ဒသမ ၄၄၈ သန်းကို စာရင်းရှင်းလင်းဖျက်သိမ်းရန်   လိုအပ် သည့်အတွက်       စာရင်းရှင်းလင်းဖျက် သိမ်းရေးအဖွဲ့     ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါအဖွဲ့မှ ပုံသေပိုင်ပစ္စည်း တန်ဖိုးငွေ$ ၁ဝ၄ ဒသမ ၇၂ဝ   သန်းတန်ဖိုးရှိ    စက် ပစ္စည်းများနှင့် အခြားပစ္စည်းများကို  စက္ကူ စက်ရုံ(ရေနီ)နှင့် စက္ကူစက်ရုံ(ပလိပ်)တို့ အား   လွှဲပြောင်းပေးခဲ့ပြီး   ကျန်ရှိသည့် ပုံသေပိုင်ပစ္စည်း တန်ဖိုးငွေကျပ်  ၄၆၆ဝ ဒသမ ၇၂၈ သန်းကို  ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီလီမိတက်သို့ လွှဲပြောင်းရောင်းချ ခဲ့ပါကြောင်း၊ ထိုသို့စက်ရုံရှိ အဆောက် အအုံများ၊ စက်နှင့် စက်ပစ္စည်းများ ပုံသေ ပိုင်ပစ္စည်း လက်ကျန်တန်ဖိုးဖြင့် ရောင်းချ ခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် နစ်နာ ဆုံးရှုံးမှုမရှိပါကြောင်း။

စက္ကူစက်ရုံ(စစ်တောင်း)နယ်မြေရှိ ဝန်ထမ်းအိမ်ရာများသည် ယခုအခါ စက်မှု ဝန်ကြီးဌာနနှင့်     သက်ဆိုင်မှုမရှိသည့် အတွက်    မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံပိုင်ခွင့်ရှိသော   အိုးအိမ်  အဆောက် အအုံများ ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့၏   ခွင့်ပြုချက်ဖြင့်  လက်ရှိတာဝန်  ထမ်းဆောင်ဆဲ ဝန်ထမ်းများ၊ အငြိမ်းစား ဝန်ထမ်းများနှင့်   ရွှေသံလွင်ကုမ္ပဏီသို့ ပြောင်းရွှေ့သွားသည့်     ဝန်ထမ်းများ ဆက်လက်   နေထိုင်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများ    တောင်းဆိုထားသည့် အိမ်ရာများကိုလည်း    သင့်လျော်သည့် နှုန်းထားဖြင့် ဝယ်ယူခွင့်ပြုရန်(သို့မဟုတ်) အငှားစနစ်ဖြင့် နေထိုင်ခွင့်ပြုရန် ကိစ္စနှင့် စပ်လျဉ်း၍  စက်မှုဝန်ကြီးဌာနအနေဖြင့် ဆောက်ရွက်ပေးနိုင်ခြင်း  မရှိပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ်    မဲဆန္ဒနယ်အမှတ် (၁ဝ)မှ ဦးလားလ်မင်းထန်၏  ချင်းပြည် နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)များ၌ ကွန်ပျူတာ၊   မိတ္တူကူးစက်နှင့်   မီးစက် တစ်ခုစီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ   မေးခွန်းနှင့်စပ်လျဉ်း၍   ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်းက ၂ဝ၁၃ - ၂ဝ၁၄ ပညာသင်နှစ်တွင် ချင်းအမျိုးသားတပ်ဦးမှ ချင်းပြည်နယ် အတွင်းရှိ   အခြေခံပညာအထက်တန်း ကျောင်း ၂၁ ကျောင်းအတွက် ကွန်ပျူတာ အစုံ ၈၃ဝ နှင့် မီးစက် ၁၅ လုံး ပေးအပ် လှူဒါန်းခဲ့ပါကြောင်း၊     ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာဦးစီး ဌာန(ရုံးချုပ်)က  ချင်းပြည်နယ်အတွင်းရှိ ကျောင်း၊ ရုံးများသို့ ကွန်ပျူတာ ၁၃ လုံး၊ ပရင်တာ ၁၃ လုံး၊ လက်ပ်တော့ ခြောက် လုံး၊ ယူပီအက်စ် ၁၃ လုံး၊ လက်နှိပ်စက် နှစ်လုံးနှင့်    စာကူးစက်  ခုနစ်လုံးတို့ကို လိုအပ်ချက်များအရ သက်ဆိုင်ရာ ဘဏ္ဍာ ရေးနှစ်အလိုက် ရန်ပုံငွေခွဲဝေရရှိမှု အပေါ် မူတည်၍ ခွဲဝေပေးခဲ့ပါကြောင်း၊ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း ဘဏ္ဍာ ငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်များတွင်  ထည့်သွင်း လျာထားစိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ်    မဲဆန္ဒနယ်အမှတ် (၁ဝ)မှ   ဦးမိုင်းအုဏ်းခိုင်၏   ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ    နမ့်ဆန် မြို့နယ် နမ္မဝေါရပ်ကွက်ရှိ  တပ်မတော် လက်ဖက်အချိုခြောက်  စက်ရုံမြေနေရာ ၌  ပါဝင်သော အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်း မြေနေရာကို ပညာရေး ဝန်ကြီးဌာနပိုင်မြေအဖြစ်     လွှဲပြောင်း သတ်မှတ်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ ၄င်းကျောင်း အား ကျောင်းပြုပြင် ထိန်းသိမ်းစရိတ်နှင့် ကျောင်းဆောင်သစ်    ဆောက်လုပ်ရေး ရန်ပုံငွေချမှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပညာရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကာကွယ်ရေးဝန်ကြီးဌာန   အနေဖြင့် အမှတ်(၃) အခြေခံပညာ    မူလတန်း ကျောင်းမြေ    ဝ ဒသမ ၂၁ ဧကသည် တပ်မတော်     လက်ဖက်အချိုခြောက် စက်ရုံပိုင်မြေ ၂၃ ဒသမ ၈၉ ဧကအတွင်း ပါဝင်လျက်ရှိပြီး စက်ရုံနှင့် ကားလမ်းခြား လျက် တည်ရှိခြင်း၊ စက်ရုံနှင့် သက်ဆိုင် သည့် အဆောက်အအုံမရှိခြင်းတို့ကြောင့် ပညာရေးဝန်ကြီးဌာနသို့       ပြန်လည် စွန့်လွှတ်ပေးသွားမည်     ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်း မြေအမည်ပေါက်     ရရှိရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ   လုပ်ထုံး လုပ်နည်းနှင့်အညီ      လွှဲပြောင်းလက်ခံ သွားမည်ဖြစ်ပြီး     ကျောင်းမြေအမည် ပေါက်ရရှိပါက  ကျောင်းဆောင်ပြင်ဆင် ခြင်း သို့မဟုတ် အသစ်တည်ဆောက်ခြင်း များကို  ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။

ထို့အပြင်  စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၊ ဧရာဝတီတိုင်းဒေသကြီး    မဲဆန္ဒနယ် အမှတ်(၅)မှ     ဦးမောင်မောင်အုန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးမျိုးထပ်(ခ)     ဆလိုင်းမျိုးထိုက်တို့၏ စက်မှုကဏ္ဍ၊    ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို နှင့်  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက်    အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ    မန်းဝင်းခိုင်သန်းက    ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသည့်    သက်ကြီးရွယ်အိုများ ဆိုင်ရာ    ဥပဒေကြမ်းကို   လွှတ်တော်က လက်ခံရရှိကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ   ရှိပါက အမည်စာရင်း      တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ်        အမျိုးသား လွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပ သွားရန်      လျာထားကြောင်း    သိရ သည်။
(သတင်းစဉ်)


No comments:

Post a Comment