Wednesday, November 30, 2016

ယစ်မျိုးဆိုင်ရာဥပဒေသည် ခေတ်ကာလကြာမြင့်နေပြီဖြစ်သည့်အတွက် ပြင်ဆင်ရေးဆွဲနိုင်ရန် လေ့လာသုံးသပ်ဆောင်ရွက်နေ


 
 
 
နေပြည်တော် နိုဝင်ဘာ ၂၉

ပြည်ထောင်စုတစ်ဝန်း အရက်ချက်စက်ရုံ များမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများအား ပြည့်စုံသည့် သန့်စင်စနစ်တပ်ဆင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံòန်းများ နှင့်အညီ စွန့်ပစ်မှသာ ထုတ်လုပ်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်သွားမည်ဖြစ် ကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ် လိုက်သည်။

အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးခင်မောင်လတ်၊ ဒေါက်တာ ဒေါ်အေဇင် လတ်၊ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၊ ဦးအောင်မင်း၊ ဦးဘုန်းမြင့်အောင်၊ ဦးမြင့်ဝေ၊ ဦးÓဏ်လင်း၊ ဦးအောင်ထူးမြင့်၊ ဦးဘရှိန်နှင့် တပ်မတော်သားကိုယ်စား လှယ် ဗိုလ်မှူးမြတ်သိန်းတို့က ထောက်ခံ ဆွေးနွေးကြပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မှတ်တမ်းအဖြစ်သာ ထားရှိသင့်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက အရက်ချက်စက်ရုံများကို စံချိန်စံòန်းနှင့်အညီ ရေဆိုးစွန့်ပစ်ခြင်း မရှိဘဲ လည်ပတ်နေကြောင်း စိစစ်တွေ့ရှိ ရပါက လိုင်စင်ရပ်ဆိုင်းသွားမည်ဖြစ်ပါ ကြောင်း၊ စံချိန်စံòန်းမမီသော အရက် ချက်စက်ရုံများကို သက်ဆိုင်ရာဌာနများ က စစ်ဆေးပြီး သက်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မကိုက် ညီပါက ပိတ်သိမ်းရေးဆုံးဖြတ်ချက်ထား ရှိပါကြောင်း၊ လက်ရှိကျင့်သုံးနေသော ယစ်မျိုးဆိုင်ရာဥပဒေသည် ခေတ်ကာလ ကြာမြင့်နေပြီဖြစ်သည့်အတွက် ပြင်ဆင် ရေးဆွဲနိုင်ရန် လေ့လာသုံးသပ်ဆောင် ရွက်နေပါကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနအနေဖြင့် အရက်ချက်စက်ရုံများ နေရာပြောင်းရွှေ့ခြင်း၊ စက်ရုံအသစ်များ ထပ်မံခွင့်ပြုခြင်းတို့ကို ၂ဝ၁ဝ ပြည့်နှစ်မှ စတင်၍ ရပ်ဆိုင်းထားပါကြောင်း၊ စံချိန် စံòန်းများနှင့် ညီညွတ်ခြင်းမရှိသည့် အရက်ချက်စက်ရုံများကို ရပ်ဆိုင်းထား ရှိခြင်း၊ ကျန်ရှိနေသည့် အရက်ချက်စက်ရုံ များကိုလည်း သက်ဆိုင်ရာဌာန အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ စိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး စံချိန်စံòန်းနှင့် ကိုက်ညီမှုမရှိပါက လိုအပ်ချက်များ ပြုပြင် ဆောင်ရွက်ပြီးသည်အထိ ရပ်ဆိုင်းထား ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အတွက် အဆိုကို မှတ်တမ်းတင်သင့် ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အဆိုရှင် ဦးအောင်ကျော် ကျော်ဦးက အဆိုကို မှတ်တမ်းတင် စောင့်ကြည့်သင့်ကြောင်း ¤င်း၏ သဘော ထားကို တင်ပြခဲ့သည့်အတွက် လွှတ်တော် က မှတ်တမ်းတင်စောင့်ကြည့်သွားရန် သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် တန့်ယန်းမဲဆန္ဒ နယ်မှ ဦးစိုင်းမောင်ပွင့်၏ တန့်ယန်းမြို့နယ် အတွင်းရှိ မိုင်းပတ်ကျေးရွာနှင့်မိုင်းကောင်း ကျေးရွာတို့အား လျှပ်စစ်မီးဖြန့်ဖြူးပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း ၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က ဓာတ်အား မရရှိသေးသောမြို့၊ ကျေးရွာများအား ဓာတ်အားရရှိသုံးစွဲနိုင်ရန် နှစ်အလိုက် စီမံကိန်းများရေးဆွဲ၍ ပြည်ထောင်စု ဘတ်ဂျက်၊ တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်၊ နိုင်ငံတကာအထောက်အပံ့ နှစ်ရှည်ချေးငွေများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

မိုင်းပတ်ကျေးရွာအုပ်စုနှင့် မိုင်း ကောင်းကျေးရွာအုပ်စု အပါအဝင်  ကျေးရွာအုပ်စု ၁ဝ အုပ်စုရှိ အိမ်ခြေ ၃၅ဝ၂ အိမ် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းအားလုံး ၏ စုစုပေါင်းကုန်ကျစရိတ်ငွေ$ကျပ် ၅၁၃၇ သန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စု ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပေး မည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျေးရွာများ ဓာတ်အား ရရှိရန်အတွက် လိုအပ်မည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၁၁/ဝ ဒသမ ၄ ထရန်စဖော်မာများနှင့် ၄ဝဝ ဗို့ ဓာတ်အား လိုင်းများကိုလည်း ရှမ်းပြည်နယ်အစိုးရ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာ ရေးနှစ်အလိုက် ထည့်သွင်းလျာထား ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့သို့ ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မိုင်းယောင်း မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအောင်၏ မိုင်းယောင်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းပျဉ်း၊ မက်မန်း၊ မိုင်းယန်း၊ မိုင်းခတ် စသည့် မြို့ ခုနစ်မြို့တို့၏ ညစဉ်မီးပေးနာရီကို ၄ နာရီသို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းယောင်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းပျဉ်း၊ မက်မန်း၊ မိုင်းယန်း၊ မိုင်းခတ် စသည့် မြို့ ခုနစ်မြို့အား  ဓာတ် အား ဖြန့်ဖြူးပေးလျက်ရှိရာတွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် အတွက် $သန်း ၁၈၅ ဒသမ ၁၄၆ ကို ဌာနမှ အရှုံးခံ၍ ဓာတ်အားဖြန့်ဖြူးခဲ့ပါကြောင်း။

ဒီဇယ် ၁ ဂါလန်တွင် ပျမ်းမျှ ၁ဝ ယူနစ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် ဓာတ် အားခ တစ်ယူနစ်ဈေးနှုန်း ၃၅ ကျပ် $ဖြင့် တွက်ချက်ပါက ၃၅ဝ $သာ ဌာနမှပြန် လည်ရရှိပြီး ဒီဇယ်တစ်ဂါလန်ဈေးနှုန်းမှာ ၂၈ဝ၅ ကျပ်ဝန်းကျင်ဖြစ်ပါ၍ ဒီဇယ်တစ် ဂါလန်အသုံးပြုတိုင်း၂၄၅၅ ကျပ် အရှုံးပေါ် လျက်ရှိပါကြောင်း၊ မိုင်းယောင်း၊ မိုင်း ဖြတ်၊ မိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းယန်းနှင့် မိုင်းခတ်မြို့ တို့အား ၄ နာရီအထိ တိုးမြှင့် ဓာတ်အားပေးနိုင်ရေးအတွက် နှစ်စဉ် ဘဏ္ဍာငွေတိုးမြှင့်တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည် ၍ စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါ ကြောင်း ဖြေကြားသည်။

ထို့အပြင် ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ ဗန်းမောက်မဲဆန္ဒနယ် မှ ဦးကျော်စိုး၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်၊ လေရှီး မဲဆန္ဒနယ်မှ ဦးကျော်ဌေး၊ မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်တို့၏ မေးမြန်းချက် များကိုလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်တို့က ပြန်လည် ဖြေကြားခဲ့ကြသည်။
ယင်းနောက် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA,
MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့ တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများ ကြောင့် အပြစ်မဲ့ပြည်သူများ သေကျေ ခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည် ဘဝရောက်ခြင်းနှင့် နိုင်ငံတော်၏ အချုပ်အခြာတည်တံ့ခိုင်မြဲ မှု၊ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်း မှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိခိုက်စေခြင်းတို့ကို လွှတ်တော်က စိုးရိမ် ကြောင်း အရေးကြီးအဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။

ဒေါက်တာမောင်သင်းက အဆို တင်သွင်းရာတွင် တိုက်ခိုက်မှုများကြောင့် တပ်မတော်နှင့် ပြည်သူ ပူးပေါင်းကာကွယ် နေသည့်ကြားမှ ပြည်သူများသေဆုံးမှုနှင့် ဒဏ်ရာရမှု ပိုမိုများပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ အပြစ်မဲ့ပြည်သူများ သေဆုံးရခြင်း၊ ဒဏ်ရာရခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်း၊ ဆက်ကြေးတောင်း ခံရ ခြင်း၊ အိုးအိမ်စွန့်ခွာ၍ စစ်ရှောင်ဘဝ ရောက်ရခြင်း၊ စီးပွားရေးနှင့် ကုန်သွယ် ရေးလုပ်ငန်းများပျက်စီးခြင်းတို့ကို ခံစား နေရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လည်း အချုပ်အခြာအာဏာ တည်တံ့မှု ကို ထိပါးခံနေရပြီး တရားဥပဒေစိုးမိုးမှုကို ထိခိုက်လာပါကြောင်း။

အထူးသဖြင့် ပြည်ထောင်စုအစိုးရ က အစဉ်တစိုက်ကြိုးပမ်းခဲ့သည့် အမျိုး သား ရင်ကြားစေ့ရေးကို အကောင် အထည်ဖော်သည့် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ၏ လုပ်ငန်းစဉ်များ၏ အရှိန် ကို နှောင့်နှေးစေမှုများ ဖြစ်ပေါ်လာနိုင်မည် ကို ပြည်သူများအနေဖြင့်လည်း စိုးရိမ်မိ ပါကြောင်း ထည့်သွင်းတင်ပြခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment