Wednesday, November 30, 2016

စာရင်းအင်းများ တိကျမှန်ကန်မှုမရှိလျှင် မူဝါဒချမှတ်မှုနှင့် စီမံကိန်းရေးဆွဲမှုများ မှားယွင်းနိုင် လက်တွေ့အခြေအနေမှန်များနှင့် ကင်းကွာမှုမရှိစေရန် အထူးဂရုပြုကြရမည်ဖြစ်



နေပြည်တော် နိုဝင်ဘာ ၂၉ 

အခြေခံစဉ်းစားရမည့် စာရင်းအင်းများ တိကျမှန်ကန်မှုမရှိလျှင် မူဝါဒချမှတ်မှုနှင့် စီမံကိန်းရေးဆွဲမှုများ မှားယွင်းနိုင်ပါ ကြောင်း၊ အခြေအနေမှန်များကို အခြေ ပြုသည့် ကိန်းဂဏန်းမှန်များ ရရှိရန် လိုအပ်ကြောင်း၊ စာရင်းအင်းများသည် လက်တွေ့အခြေအနေမှန်များနှင့် ကင်း ကွာမှုမရှိစေရန် အထူးဂရုပြုကြရမည်ဖြစ် ကြောင်း စာရင်းအင်းအချက်အလက် များ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝ ရေး ကော်မတီနာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပသည့် စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီ အစည်းအဝေး(၃/၂ဝ၁၆)တွင် ဒုတိယ သမ္မတက ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်။
ဆက်လက်၍ ဒုတိယသမ္မတက ခေတ်စနစ်နှင့်ကိုက်ညီသည့် မြန်မာနိုင်ငံ စာရင်းအင်းဥပဒေသစ်ကို မူကြမ်းရေးဆွဲ ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် လွှတ်တော်သို့တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လိုအပ်သည့်စစ်တမ်းများ ကောက်ယူရေး အတွက် ''မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း'' ကောက်ယူရေး လုပ်ငန်းစဉ် အောင်မြင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခိုင်မာသည့်စာရင်းအင်း များနှင့် အရည်အသွေးပြည့်ဝသည့် စာရင်းအင်းများအချိန်နှင့်တစ်ပြေးညီ ကောက်ယူ ရရှိနိုင်ရန် အားထုတ်ကြိုးပမ်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် စာရင်းအင်းအချက်အလက်များ အရည်အသွေးပြည့်ဝမှန်ကန်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းအင်းအချက် အလက်များမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီများ၌ သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်စီးပွားရေးဝန်ကြီးများကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖွဲ့စည်းခဲ့ပါ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများနှင့် ဌာနအဖွဲ့အစည်းများ၏ ခိုင်မာမှန်ကန်သည့် ကိန်းဂဏန်းစာရင်းအင်းအချက်အလက်များကိုစုစည်းပြီး စိစစ် သုံးသပ်အကဲဖြတ်မှုများ ပြုလုပ်မှသာ စီးပွားရေး၊ လူမှုရေးနှင့် သက်ဆိုင်သည့် မူဝါဒ များနှင့် ဆုံးဖြတ်ချက်များ မှန်ကန်စွာချမှတ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုး သား စာရင်းစနစ်သည် မူဝါဒဆုံးဖြတ်ချက်ချမှတ်သူများ၊ လူမှုအဖွဲ့အစည်းများ၊ စီမံကိန်း ရေးဆွဲသူများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အခြားစာရင်းအင်းသုံးစွဲသူများအတွက်သာမက နိုင်ငံတကာ၏ ယုံကြည်စိတ်ချရသည့် စာရင်းအင်းအဖြစ် အသိအမှတ်ပြုနိုင်သည့် အနေအထားတစ်ရပ်အဖြစ် ရောက်ရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ စာရင်းအင်းအချက်အလက်များမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး အတွက် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း အသေးစိတ်ဆွေးနွေးကြစေလိုကြောင်း ဒုတိယ သမ္မတက ပြောကြားသည်။
ထို့နောက် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က လိုအပ်သည့်မူဝါဒများ မှန်ကန်စွာချမှတ်နိုင်ရေးအတွက် အခြေခံရမည့်စာရင်းအင်း အချက်အလက် မှန်ကန်ညီညွတ်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီအတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင် က စာရင်းအင်းအချက်အလက်များမှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဝန်ကြီးများနှင့် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းအဖွဲ့ဝင်များက စာရင်းအင်း အချက်အလက် မှန်ကန်စွာကောက်ယူရေးဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြကြပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ကော်မတီနာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆွေးနွေးချက် များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။
(သတင်းစဉ်)

No comments:

Post a Comment