Sunday, November 27, 2016

ငြိမ်းချမ်းရေးပန်းတိုင်သို့ လျှောက်လှမ်းမှုတွင် (၂၁)ရာစုပင်လုံညီလာခံဆွေးနွေးမှုများ အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေး


Image may contain: 2 people , table and indoor
 နေပြည်တော် နိုဝင်ဘာ ၂၆

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သောအဖွဲ့အား ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-1)၌ လာရောက်တွေ့ဆုံသည်။
အပြန်အလှန်ယုံကြည်
ထိုသို့ တွေ့ဆုံစဉ် ငြိမ်းချမ်းရေးပန်းတိုင်သို့ လျှောက်လှမ်းမှုတွင် (၂၁)ရာစုပင်လုံ ညီလာခံဆွေးနွေးမှုများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အတွက် ဦးစီးဦးဆောင် ပြုနေသူများနှင့် ပါဝင်ပတ်သက်သူများ၏ စေတနာ၊ ဇွဲ၊ လုံ့လ၊ သတ္တိနှင့် အချင်းချင်းအပြန်အလှန် ယုံကြည်လေးစားမှုရရှိရေးအတွက် အစဉ်အမြဲ ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment