နေပြည်တော် နိုဝင်ဘာ ၂၆
ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် ယမန်နေ့ နံနက် ၉ နာရီခွဲက
ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၌ တိုင်းဒေသကြီးအတွင်းရှိ
ဥပဒေအရာရှိများနှင့်လည်းကောင်း၊ ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး
ဥပဒေချုပ်ရုံး၌ တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများနှင့်လည်းကောင်း
တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥပဒေအရာရှိများအနေဖြင့် တရားဥပဒေစိုးမိုး ရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရသဖြင့် လုပ်ငန်း တာဝန်များ၏အရေးပါမှုကို လေးလေးနက်နက် ခံယူသိရှိကြရန် နှင့် တန်ဖိုးထားလေးစားကြရမည်ဖြစ်ပြီး တိုးတက်အောင်မြင်မှုကို ရှေးရှုသောပြောင်းလဲမှု ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်း ကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်ကို အဂတိတရားကင်းရှင်း စွာဖြင့် ဥပဒေနှင့်အညီ သမာသမတ်ကျကျ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ အများပြည်သူက ယုံကြည်အားကိုး လေးစား သော ဥပဒေအရာရှိများဖြစ်အောင် ကျင့်ကြံကြိုးစားကြရန်၊ ကောင်းမြတ်သော စိတ်ဓာတ်၊ စည်းကမ်း၊ စာရိတ္တ၊ စေတနာနှင့် စာနာစိတ်ဟူသော စငါးလုံးကိုရင်ဝယ်ပိုက်ပြီ နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးပမ်းကြရန်ဖြစ်ကြောင်း၊ စွမ်းဆောင် ရည်မြင့်မားစေရေးအတွက် တစ်ဦးချင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် ရုံး၏ ဥပဓိရုပ်ကောင်းမွန်ရေး အပါအဝင် စီမံခန့်ခွဲရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန်တို့ကို မှာကြားဆွေးနွေးသည်။

(သတင်းစဉ်)

No comments:
Post a Comment