မင်းပြား နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ် မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်၌ နိုဝင်ဘာ ၂၅ ရက်
နံနက် ၁ဝ နာရီ မိနစ် ၅ဝ က ဓာတ်ဆီဆိုင်မှ စတင်ကာ
မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့က မီးဘေးသင့်ပြည်သူများအား
ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို နိုဝင်ဘာ ၂၆ ရက် ညနေ ၃ နာရီက
ဦးစိုးတင့်ရပ်ကွက် အခြေခံပညာမူလွန်ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးမင်းအောင်တို့က မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေး အန္တရာယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မီးဘေးသင့် မိသားစုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အားပေးစကားပြောကြား ခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် တစ်အိမ်၊ ဆိုင်ခန်း ကိုးခန်း၊ လူနေအိမ်ဆိုင် ၁၁ ဆိုင် ပျက်စီးဆုံးရှုံးမှု ကြောင့် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စည်ပင် သာယာရေးဝန်ကြီး၊ မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်၊ ခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ က မီးဘေးသင့်ပြည်သူများအား အိမ် တစ်အိမ်အတွက် ငွေကျပ် သုံးသိန်း$၊ အိမ်ဆိုင် ၁၁ ဆိုင်အတွက် ငွေကျပ် ၂၂ သိန်း$နှင့် ဆိုင် ကိုးဆိုင်အတွက် ငွေကျပ် ကိုးသိန်း$ စုစုပေါင်းငွေကျပ် ၃၄ သိန်း$ ၊ ဆန် ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဘူး များနှင့် ပစ္စည်းကိုးမျိုးပါ မိသားစု အိမ်အသုံးအဆောင်ပစ္စည်း ၁၁ ထုပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး (ယာပုံ) မီးဘေးသင့် အိမ်ထောင်စုများကိုယ်စား ဦးမောင်သောင်းစိန်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက မီးလောင်ပျက်စီး ဆုံးရှုံးသွားသည့် လူနေအိမ်၊ ဆိုင်ခန်းများ ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)

No comments:
Post a Comment