Sunday, November 27, 2016

နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား စစ်တွေမြို့၌ ကျင်းပ


Image may contain: table and one or more people
စစ်တွေ နိုဝင်ဘာ ၂၆

ရခိုင်အမျိုးသမီးများအစည်းအရုံး ဗဟိုက ကြီးမှူးကျင်းပသော နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်း အနားကို နိုဝင်ဘာ ၂၆ ရက်က ရခိုင် ပြည်နယ် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ (အောက်ပုံ) အခမ်းအနားသို့ ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့ များ၊ နိုင်ငံရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက် လာကြသူများက နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရပြီး သေဆုံးသွားသော အမျိုးသမီးများနှင့် လက်ရှိအချိန်ထိ အကြမ်းဖက်ခြင်းကို ခံစားနေရသော အမျိုးသမီးများအတွက် ဝမ်းနည်း အောက်မေ့ခြင်း အထိမ်းအမှတ်အနေဖြင့် ၁ မိနစ်ခန့် မတ်တတ်ရပ်ငြိမ်သက် အသိအမှတ်ပြုခဲ့ကြသည်။
ထို့နောက် ရခိုင်အမျိုးသမီးများ အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး စောဦးညွန့်ခင်က International StopVAWDay နေ့ ဖြစ်ပေါ်လာပုံနှင့် အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများ မရှိစေရန် အတွက် ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင် ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး မူဝါဒတစ်ရပ်ကို ချမှတ်ခဲ့ ကာ နိုဝင်ဘာ ၂၅ ရက်ကို နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြ ကြောင်း၊ ယနေ့ကျင်းပသော အခမ်း အနားသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်စေရန် ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပ လျက်ရှိကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ရခိုင်အမျိုးသမီးများ အစည်းအရုံး၏ ဘဏ္ဍာရေးမှူး စောအေး ငြိမ်းစိုးက မြန်မာနိုင်ငံအမျိုးသမီးများ အဖွဲ့ချုပ် WLB ပေးပို့သော ထုတ်ပြန် ချက်တစ်ရပ်ကို ဖတ်ကြားခဲ့သည်။
ယင်းထုတ်ပြန်ချက်ကို ''မြန်မာနိုင်ငံ တွင် ကျား/မ ကွဲပြားမှုအပေါ် အခြေခံ သော အကြမ်းဖက်မှုကျူးလွန်ခံရသူ အမျိုးသမီးများအတွက် အမှန်တရားရရှိ ရေးဟု အမည်ပေးကာ ထုတ်ပြန်ခဲ့ ကြောင်း၊ ယင်းထုတ်ပြန်ချက်တွင် တရားမျှတမှုကို အဓိက အခြေခံထား ကြောင်း'' သိရသည်။

(ခရိုင် ပြန်/ဆက်)

No comments:

Post a Comment