Monday, November 28, 2016

၂ဝ၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ ဆက်လက်ကျင်းပ



Image may contain: 1 person , table and child
နေပြည်တော် နိုဝင်ဘာ ၂၇
၂ဝ၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲအမှတ် (၄၈ဝ၁)မှ (၅၉၂၂)အထိ ကျောက်စိမ်းအတွဲ ၁၁၂၂ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသည်။
နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်နေ့များ၌ ဈေးပြိုင် စနစ်ဖြင့်ရောင်းချမည့် ကျောက်စိမ်းအတွဲများကို ပြည်တွင်း ပြည်ပရတနာကုန်သည်များက လိုက်လံကြည့်ရှု လေ့လာ ကြပြီး မိမိတို့ဝယ်ယူလိုသည့် ကျောက်စိမ်းအတွဲများကို အမှတ်အသားပြုကြရာ ပြပွဲဗဟိုကော်မတီအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကြီးကြပ် ကူညီဆောင်ရွက်ပေးကြသည်။
နံနက်ပိုင်းတွင် ကချင်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးံလအောင်နှင့် တာဝန်ရှိသူများက မဏိရတနာကျောက်စိမ်းခန်းမ အတွင်းရှိ လက်ဝတ်ရတနာနှင့် အမှတ်တရပစ္စည်းအရောင်း ဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုများနှင့် ရတနာကုန်သည် များက မိမိတို့ဝယ်ယူလိုသည့် ကျောက်စိမ်းအတွဲများကို အမှတ်အသားပြုလေ့လာနေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။
ယနေ့သည် တင်ဒါစနစ်ဖြင့်ရောင်းချသည့် နောက်ဆုံး နေ့ဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်မှစတင်ကာ ကျောက်စိမ်းအတွဲ ၃၅ တွဲကို လည်းကောင်း၊ နိုဝင်ဘာ ၂၉ ရက်တွင် ကျောက်စိမ်းအတွဲ ၃၁ တွဲကို လည်းကောင်း စုစုပေါင်း ကျောက်စိမ်းအတွဲ ၆၆ တွဲကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment