Wednesday, November 2, 2016

ဂိုးပြတ်သွင်းအောင်ပွဲခံဦးမယ့် ရီးရဲမက်ဒရစ်နဲ့ ခြေကုန်ထုတ်ရမယ့် စပါးတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်

မိုးမြင့်လင်းလက်

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေကို နိုဝင်ဘာ ၂ ရက်မှာ ဆက်လက်ကစားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ အုပ်စု(E)မှာ စပါးနဲ့ လေဗာကူဆင်တို့ပွဲက ကြည့်ကောင်းမှာဖြစ်သလို ဒေါ့မွန်နဲ့ စပို့တင်းတို့ပွဲကလည်း စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ပွဲ ဖြစ်နေပါတယ်။ ဒါ့အပြင် ရီးရဲမက်ဒရစ်၊ ဂျူဗင်တပ်စ်တို့က ပြိုင်ဘက်တွေကို ဘယ်လိုကျော်ဖြတ်ပြီး အောင်ပွဲခံသွားမလဲဆိုတာကလည်း မဖြစ်မနေစောင့်ကြည့်အားပေးရမယ့်ပွဲတွေ ဖြစ်နေပါတယ်။

မိုနာကိုနှင့် စီအက်စ်ကေအေ
အုပ်စု(E)မှာ မိုနာကိုတို့ ခြေစွမ်းအတက်အကျရှိနေပါတယ်။ မောင့်ပယ်လီယာ၊ မိန့်ဇ်အသင်းတွေနဲ့ဆုံတွေ့ပြီး ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ခြေစွမ်းပြန်ရရင် စီအက်စ်ကေအေ တို့ ပွဲမချောင်ပါဘူး။ ဒါပေမယ့် စီအက်စ်ကေအေတို့ကလည်း လောလောဆယ်နောက် ဆုံးငါးပွဲကစားခဲ့ရာမှာ တစ်ပွဲသာနိုင်ပွဲရထားတာမို့ အခုပွဲဟာ ခြေစွမ်းကွာဟမှုမရှိတဲ့ ပွဲပါပဲ။ ဒါ့အပြင် ပထမအကျော့ပွဲစဉ်မှာ တစ်ဂိုးစီသရေပွဲဖြစ်ခဲ့တာမို့ အခုပွဲမှာတော့ မိုနာကိုတို့ အိမ်ကွင်းမှာ အနိုင်ယူသွားမလားဆိုတာ ကြည့်ရမယ့်ပွဲပါပဲ။

စပါးနှင့် လေဗာကူဆင်
အုပ်စု(E)မှာ စပါးတို့လည်း ခြေစွမ်းပုံမှန်မရသေးပါဘူး။ နောက်ဆုံးငါးပွဲကစားခဲ့ ရာမှာ တစ်ပွဲမှမနိုင်ဘဲ သရေပွဲချည်းလေးပွဲဆက်တိုက်ရရှိထားတဲ့အပြင် ရှုံးပွဲတစ်ပွဲ ကြုံထားပါတယ်။ ဘေယာလေဗာကူဆင်တို့ကတော့ နိုင်ပွဲတွေပျောက်ဆုံးနေရာက ဝုဖ်ဘတ်ကို နိုင်ပွဲပြန်ရထားတာမို့ အခုပွဲမှာ စိတ်ဓာတ်မြင့်မြင့်မားမားနဲ့ ကစားပါလိမ့် မယ်။ အကြိုက်က စပါးဖြစ်ပေမယ့် ပထမအကျော့ပွဲစဉ်က ဂိုးမရှိရလဒ်အတိုင်းပဲ ထွက် ပေါ်ဖို့များနေပါတယ်။

ဒေါ့မွန်နှင့် စပို့တင်း
အုပ်စု(F)မှ ဒီနှစ်သင်းပထမအကျော့ ဆုံတွေ့ခဲ့တဲ့ပွဲစဉ်မှာ ဒေါ့မွန်က အဝေးကွင်း မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရထားပါတယ်။ ဒေါ့မွန်ရဲ့ ခြေစွမ်းကလည်း အခုတလော သရေ ပွဲတွေချည်းဖြစ်နေတာမို့ စပို့တင်းတို့ အခွင့်အရေးတွေရသွားနိုင်ပါတယ်။ ဒါပေမယ့် စပို့တင်းရဲ့ တိုက်စစ်မှူးတွေက ဂိုးသွင်းမသေချာတာမို့ ဒီပွဲမှာ အသင်းလိုက်ကစားအား ကောင်းတဲ့ ဒေါ့မွန်တို့ပဲ နိုင်ပွဲရသွားပါလိမ့်မယ်။

လီဂါဝါနှင့် ရီးရဲမက်ဒရစ်
အုပ်စု(F)မှာတော့ ရီးရဲမက်ဒရစ်တို့ ခြေစွာနေပါတယ်။ ပထမအကျော့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်တို့က ငါးဂိုး-တစ်ဂိုးနဲ့နိုင်ပွဲရထားတာမို့ အခုပွဲမှာတော့ လီဂါဝါတို့ ရှုံြးေ<ွကး ပြန်ဆပ်နိုင်ဖို့ ခြေကုန်ဖွင့်လာဖို့ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးငါးပွဲမှာ ၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ်တိုက်စစ်ကို လီဂါဝါတို့ ဟန့်တားဖို့မလွယ်ပါဘူး။ ရီးရဲ မက်ဒရစ်တို့ပဲ အောင်ပွဲခံသွားပါလိမ့်မယ်။

ကိုပင်ဟေဂင်နှင့် လက်စတာ
အုပ်စု( G)မှာ ကိုပင်ဟေဂင်တို့လည်း နိုင်ပွဲပြန်ရလာပါတယ်။ ကိုပင်ဟေဂင်ရဲ့ တိုက်စစ်ရော ခံစစ်ပိုင်းပါ အားရစရာကောင်းတာမို့ လက်စတာတို့ ဒီပွဲမှာ အခြေ အနေဆိုးနဲ့ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် လက်စတာတို့ရဲ့ အားထုတ်မှုကောင်းတာ မို့ အခုပွဲမှာ လက်စတာတို့ အဝေးကွင်းဆိုပေမယ့် အနိမ့်ဆုံးတစ်မှတ်ရနိုင်တဲ့ပွဲပါ။

ဂျူဗင်တပ်စ်နှင့် လိုင်ယွန်
အုပ်စု(H)မှာ ဂျူဗင်တပ်စ်တို့ ခြေစွမ်းကောင်းပြန်ရနေပါတယ်။ တိုက်စစ်ရော ခံစစ် ပိုင်းမှာပါ အားနည်းချက်မရှိအောင် ကြိုးစားထားတဲ့ ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှူးတွေ တွေ ဂိုးသွင်းခြေမြူးနေတာမို့ အခုပွဲမှာ လိုင်ယွန်ကို အသာစီးရအောင် ကစားပါလိမ့် မယ်။ အခုပွဲမှာ ပထမအကျော့မှာလို ဂျူဗင်တပ်စ်တို့ပဲ နိုင်ပွဲရအောင် စွမ်းဆောင်သွား မှာပါ။

ဆီဗီလာနှင့် ဒိုင်နမိုဇာဂရက်
အုပ်စု(H)မှာ ဆီဗီလာတို့ ဒိုင်နမိုဇာဂရက်ကို ပထမအကျော့ပွဲစဉ်မှာ တစ်ဂိုး-ဂိုးမရှိ နဲ့ နိုင်ထားပါတယ်။ ဆီဗီလာတို့က ခြေစွမ်းကောင်းတွေ ပြသနိုင်နေပြီး နောက်ဆုံး ကစားခဲ့တဲ့ ငါးပွဲမှာ တစ်ပွဲမှမရှုံးခဲ့ပါဘူး။ ခံစစ်ပိုင်းလည်း တောင့်တင်းတဲ့ ဆီဗီလာကို ဒိုင်နမိုဇာဂရက်တို့ အနိုင်ရဖို့ဆိုတာ မလွယ်ပါဘူး။ ရှုံးပွဲတွေဆက်နေတဲ့ ဒိုင်နမိုဇာဂရက် ရဲ့ အမှားများတဲ့ ခံစစ်ကြောင်းကို ဆီဗီလာတိုက်စစ်မှူးတွေ ကျော်ဖြတ်ပြီး ဂိုးတွေသွင်း ကာ အောင်ပွဲခံသွားပါလိမ့်မယ်။ ။

No comments:

Post a Comment