Wednesday, November 2, 2016

ကစားကွက်ပြောင်းလဲမှုကြောင့် နိုင်ပွဲဆက်နေတဲ့ ချယ်လ်ဆီး


ကောင်းမြတ်သူ-စုစည်းသည်

ကွန်တီးရဲ့ ချယ်လ်ဆီးအသင်းဟာ ကစားကွက်ပုံစံပြောင်းလဲကစားလာတဲ့ အတွက် တိုက်စစ်မှူးတွေကို ဂိုးပေါက် ဖန်တီးပေးပြီး ဂိုးတွေသွင်းယူပေးလာတာ တွေ့ရမှာဖြစ်ပါတယ်။ ဆောက်သမ်တန် ကို ချယ်လ်ဆီးက နှစ်ဂိုးပြတ်သွင်းပြီးတဲ့ ပြိုင်ပွဲအပြီး ချယ်လ်ဆီးအသင်းဟာ လေး ပွဲဆက်တိုက်အနိုင်ရခဲ့ပါတယ်။ ဒီကစား ကွက်က ကော်စကာနဲ့ ဟာဇတ်ကို ဂိုး ပေါက်တည့်ကန်သွင်းမှု ပိုကောင်းပြီး ဂိုး တွေသွင်းယူလာနိုင်တယ်လို့ ဆိုပါတယ်။ ပရီမီယာလိဂ်ဇယားထိပ်မှာ ရောက်နေ တဲ့ မန်စီးတီး၊ အာဆင်နယ်၊နဲ့ လီဗာပူး အသင်းတို့ကို လိုက်မီဖို့ တစ်မှတ်သာလိုပါ တယ်။ ကွန်တီးရဲ့ ချယ်လ်ဆီးဟာ လေးပွဲ ဆက်တိုက် အနိုင်ရလိုက်တဲ့အတွက် ဇယားထိပ်ကို ဦးဆောင်နေတဲ့ အသင်း တွေကို လိုက်မီဖို့ တစ်မှတ်သာလိုပါတယ်။ ကွန်တီးရဲ့ ချယ်လ်ဆီးအသင်းဟာ ခံစစ် ပိုင်းမှာလည်း ပိုပြီးကောင်းမွန်လာတဲ့ အတွက် နိုင်ပွဲတွေဆက်နိုင်ခဲ့တယ်လို့ ဆို ပါတယ်။ လက်ရှိကစားနေတဲ့ ၃-၄-၃ ကစားကွက်ဟာ ကစားသမားတွေ အတွက် အကောင်းဆုံးကစားနိုင်တယ် လို့ ဆိုပါတယ်။ ဒီကစားကွက်ကြောင့် ကော်စတာဟာ ၁ဝ ပွဲမှာ ရှစ်ဂိုးအထိ ဂိုး အများဆုံး သွင်းယူလာနိုင်တဲ့ တိုက်စစ် မှူးဖြစ်လာပါတယ်။

No comments:

Post a Comment