Wednesday, November 2, 2016

မော်ရင်ဟိုလက်ထက် မန်ယူတွင် မိမိအရေးပါသည်ဟု ခံစားရကြောင်း မာတာဖွင့်ဟ

Image may contain: 2 people , outdoor
မန်ယူသို့ နည်းပြမော်ရင်ဟို ရောက်ရှိလာချိန်တွင် မာတာ၏ မန်ယူကစားသမားဘဝ အဆုံးသတ်သွားနိုင်ကြောင်း ခန့်မှန်းရေးသားမှုများ ပလူပျံအောင်ထွက်ခဲ့ပြီး လအနည်းငယ်အကြာတွင် နည်းပြမော်ရင်ဟို လက်အောက် မန်ယူ၌ မိမိအရေးပါသည်ဟု ခံစားရကြောင်း မာတာက တုံ့ပြန် ပြောကြားလိုက်သည်။ မော်ရင်ဟိုသည် မာတာအား ချယ်လ်ဆီးမှ မန်ယူသို့ရောင်းချခဲ့သူဖြစ်ပြီး မာတာနှင့် ဆက်ဆံရေး အဆင်မပြေလည်ခဲ့သူဟု သတင်းထွက်ခဲ့သူဖြစ်ရာ မော်ရင်ဟို မန်ယူသို့ရောက်ရှိလာခြင်းက မာတာ၏ မန်ယူကစားသမားဘဝ အဆုံးသတ်ကို ဖန်တီးဦးမည်ဟု ယူဆချက်များ ထွက်ခဲ့ခြင်းဖြစ်သည်။
သို့သော် မာတာသည် ဘန်လေနှင့် ရင်ဆိုင်ခဲ့သည့် ပရီမီယာလိဂ် ပွဲစဉ်(၁ဝ)တွင် မန်ယူအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခွင့်ရခဲ့သလို ယခုနှစ်တွင် စုစုပေါင်း ပွဲစဉ် ၁၃ ပွဲ ဝင်ရောက်ကစားခွင့်ရပြီး သွင်းဂိုး သုံးဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးဖြစ်သည်။
မာတာက ''ကျွန်တော် မန်ယူကစားသမားဘဝ မတူညီတဲ့ မန်နေဂျာတွေရဲ့ လက်အောက်မှာ အနိမ့်အမြင့် အတက်အကျတွေပေါင်းစုံ တွေ့ကြုံခံစားရပေမယ့် ကျွန်တော်ဟာ အမြဲတမ်းအရေးပါတဲ့ ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ခုလည်း ကျွန်တော်ဟာ အရေးပါတဲ့ ကစားသမားလို့ ခံစားရပါတယ်။ ဒါကြောင့် ဘယ်သူတွေ ဘယ်လိုပြောစကားတွေနဲ့ ပြောကြပါစေ ကျွန်တော်ဟာ ကျွန်တော့်အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ တယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြား ခဲ့သည်။
ထို့ပြင်မာတာက မော်ရင်ဟိုနှင့် ချယ်လ်ဆီးကစား သမားဘဝကလည်းမပြေလည်ခြင်း မရှိခဲ့သော်လည်း ယင်းဆက်ဆံရေးကို ပရော်ဖက်ရှင်နယ် ဆက်ဆံရေးဟုသာ အမည်တပ်နိုင်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။မာတာမှာ လက်ရှိ မန်ယူကစားသမားများထဲတွင်အကောင်းဆုံး ပုံစံပြသထားနိုင်သည့် ကစားသမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းလိုအပ်ချိန်တိုင်းတွင် သူ၏ သွင်းဂိုးများဖြင့် အထောက်အကူပြုနိုင်သူဖြစ်သည်။ သို့သော် မန်ယူ အသင်းသည် ဘန်လေနှင့် ဂိုးမရှိသရေကျခဲ့ခြင်းကြောင့် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၁ဝ ပွဲမှ ရမှတ် ၁၅ မှတ်သာ စုဆောင်းနိုင်ခဲ့ရာ ယင်းရမှတ်သည် မိုယက်စ်လက်အောက် ၁၇ မှတ်၊ ဗန်ဟားလ်လက်ထက် ရမှတ် ၂ဝ ထက်ပင် လျော့နည်းနေခြင်းကြောင့် မော်ရင်ဟိုလက်အောက် မန်ယူကစားပုံ ပို၍ပင် ကျဆင်းသွားသည်ဟူသော ဝေဖန်ချက်များ ထွက်လာခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment