Friday, November 25, 2016

ယခုတစ်ပတ်တွင် မြန်မာဟာသဇာတ်ကားသစ်နှင့် ဒဏ္ဍာရီဇာတ်ကားသစ်ကို ခံစားကြရမည်ဖြစ်

Image may contain: 3 people
တစ်ပတ်အတွင်း အသစ်ထွက်ရှိမယ့် ပြည်တွင်း ပြည်ပဇာတ်ကားသစ်တွေကို မိတ်ဆက်ပေးနေတဲ့ ကြေးမုံရုပ်ရှင်အညွှန်းကဏ္ဍမှ ယခုတစ်ပတ် တွင်လည်း အသစ်ရုံတင်ပြသမယ့် မြန်မာဇာတ်ကားသစ်နဲ့ နိုင်ငံခြားဇာတ်ကားသစ်တွေကို အမြည်းမိတ်ဆက်တင်ပြပေးသွားပါ့မယ်။
ဒီတစ်ပတ်မှာ မြန်မာဇာတ်ကားသစ် နှစ်ကားကို အသစ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဟာသသရုပ်ဆောင်ပိုင်းမှာလည်း လူကြိုက်များလာပြီဖြစ်တဲ့ သရုပ်ဆောင်မြင့်မြတ်၊ ကျော်ကျော်ဗိုနဲ့ မင်းသမီး သင်ဇာဝင့်ကျော်တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ ''မင်းလည်းဘိုကေ ငါလည်းဘိုကေ'' ဟာသဇာတ်ကားနဲ့ ဒါရိုက်တာ ပန်းချီစိုးမိုး ပုံဖော်ဖန်တီးထားတဲ့ ''ကျွန်တော့် ရည်းစားဘုရားမှာနေသည်''လို့အမည်ရတဲ့ ဘဝခြား တဲ့ချစ်သူနှစ်ဦးအကြောင်းကို ပုံဖော်ထားတဲ့ဒဏ္ဍာရီ ဇာတ်ကားသစ်တွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။
အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စတုတ္ထမြောက်ခြေလှမ်းလို့ပြောလို့ရတဲ့ ''မင်းလည်း ဘိုကေ ငါလည်းဘိုကေ'' ကို ဇာတ်ညွှန်း စွမ်းပိုင်နဲ့ ဒါရိုက်တာပြည်ဟိန်းသီဟက ပုံဖော်ထားပြီး ဝါရင့်ဇာတ်ပို့များဖြစ်ကြသည့် ခင်လှိုင်၊ ဒိန်းဒေါင်၊ ဇော်ဝင်းနိုင်၊ ကျော်ထူး၊ ငြိမ်းချမ်း၊ တက္ကသိုလ်ဂွမ်းပုံ၊ ဂွမ်းပုံကြီးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားကို လာမယ့် နိုဝင်ဘာ ၂၅ ရက် မှာ ရန်ကုန်မြို့ရှိ သမ္မတ၊ သွင်၊ မင်္ဂလာ (သိမ်ကြီး ဈေး)၊ မင်္ဂလာစံပြ(ဘုန်းကြီးလမ်း)၊Top Royal (ပါရမီ) ၊ ဂမုန်းပွင့်(စံရိပ်ငြိမ်)၊JCGV Maw Tin၊ JCGV (Square)၊ပြည်မြို့ရှိ မင်္ဂလာထွန်းသီရိ ရုပ်ရှင်ရုံ၊ မန္တလေးမြို့ရှိ ဝင်းလိုက်၊ မြို့မ၊JCGV၊ ပုသိမ်မြို့ရှိ ရွှေပြည်တော်ရုပ်ရှင်ရုံ၊ နေပြည်တော်ရှိ JCGV၊ အောင်သပြေ၊ ဇေယျာသီရိရုပ်ရှင်ရုံ၊ ထားဝယ်မြို့ အောင်မင်္ဂလာရုပ်ရှင်ရုံ၊ မြဝတီမြို့ရှိ သွန်းရွှေစင်ရုပ်ရှင်ရုံ၊ ဘားအံမြို့ရှိ တက်နေဝင်း ရုပ်ရှင်ရုံ၊ မော်လမြိုင်မြို့ရှိ JCGV ရုပ်ရှင်ရုံ၊ လားရှိုး မြို့ရှိ သီတာအေး၊ သိန်းထိုက်၊ အောင်သီရိရုပ်ရှင်ရုံ၊ ပြင်ဦးလွင်မြို့ရှိ ချယ်ရီလွင်၊ Movie Planet ရုပ်ရှင် ရုံ၊ တောင်ကြီးမြို့ရှိ မြသုခရုပ်ရှင်ရုံ၊ ဗန်းမော်မြို့ရှိ စတားရုပ်ရှင်ရုံ၊ ရေနံချောင်းမြို့ရှိ ရတနာရုပ်ရှင်ရုံ၊ ပခုက္ကူမြို့ရှိ သီဟရုပ်ရှင်ရုံ၊ တောင်ငူမြို့ရှိ New 3D Cinema ရုပ်ရှင်ရုံ၊ ပဲခူး- Icon (Mingalar Cinema) ရုပ်ရှင်ရုံနှင့် မြိတ်မြို့ရှိ မင်္ဂလာရုပ်ရှင်ရုံတို့ တွင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် Studio 35 ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ပန်းချီဦးစိုးမိုးရဲ့လက်ရာ သစ် ဒဏ္ဍာရီဇာတ်ကားသစ် 'ကျွန်တော့်ရည်းစား ဘုရားမှာနေသည်' ဇာတ်ကားမှာ သိုက်နန်းစောင့် မြစိမ်းနွယ်အဖြစ် မိုးယုစံ၊ နန်းဦးအဖြစ် စိုးရန် အောင်နဲ့ နန်းဦးရဲ့ဇနီးအဖြစ် ခင်ဝင့်ဝါတို့အပြင် ခင်ဇာခြည်ကျော်၊ ရဲအောင်၊ သိင်္ဂီထွန်း၊ ရတနာ ထက်ခိုင်နဲ့ သရုပ်ဆောင်များစွာက ပါဝင်အားဖြည့် ပေးထားပါတယ်။ ဒီဇာတ်ကားဟာ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ် ပခန်းကြီးဒေသက နာမည်ကျော် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်တဲ့ သိုက်နန်းစောင့် မြစိမ်းနွယ် နဲ့ ၄င်းနဲ့ချစ်ကြိုက်မိသူ လူသားတစ်ဦးဖြစ်သူ နန်းဦး တို့ဟာ တစ်ဦးကိုတစ်ဦး နှစ်နှစ်ကာကာ ချစ်ခင် စွဲလမ်းစိတ်နဲ့ ဘဝတစ်ခုမှာ ချစ်ခဲ့ကြပြီး အတိတ်ဘဝက အကြောင်းကြောင်းကြောင့် နှစ်ကိုယ်တူ ပေါင်းဖက်ခွင့်မရဘဲ သေကွဲကွဲခဲ့ရပါတယ်။ ဘဝခြား နေလို့ ပေါင်းဖက်ခွင့်မရနိုင်တော့တဲ့ သူတို့နှစ်ဦးဟာ လက်ရှိဘဝမှာသာ အလှူအတန်းတွေ၊ ကုသိုလ် တရားတွေနဲ့ အကောင်းဆုံးနေထိုင်ဖို့ ဆုံးဖြတ်ချက် ချခဲ့ရင်း ချစ်သူနှစ်ဦးဝေးကွာခဲ့ရပုံကို ရင်နင့်ဖွယ် ပုံဖော်ထားတဲ့ ဒဏ္ဍာရီဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားကို လာမယ့် နိုဝင်ဘာ ၂၅ ရက်(သောကြာနေ့)မှ စတင်ကာ ရန်ကုန်မြို့ရှိ မင်္ဂလာဝဇီရာ(လှိုင်သာယာ)ရုပ်ရှင်ရုံမှာ စတင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ယခုတစ်ပတ်မှာ အသစ်ရုံတင်ပြသမယ့် နိုင်ငံခြားဇာတ်ကားတွေကတော့ ပျော်ရွှင်စွာ နေတတ်တဲ့ သေးငယ်တဲ့မှင်စာလေးတွေအကြောင်း စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ အန်နီမေးရှင်း သရီးဒီဇာတ်ကားသစ် Trolls၊ ဒရမ်မာအက်ရှင် ဇာတ်ကားသစ် Shivaay၊ မှော်ဆန်ဆန် အက်ရှင်ဇာတ်ကား Doctor Strange၊ တိုက်ပွဲများ အကြောင်း စိတ်ဝင်စားတဲ့ပရိသတ်တွေအတွက် တိုက်ခိုက်တဲ့ဇာတ်ဝင်ခန်းတွေကို စိတ်ကူးယဉ် ဆန်ဆန် ခမ်းနားစွာရိုက်ကူးထားတဲ့ L.O.R.D Legend of Ravaging Dynasties သရီးဒီ ဇာတ်ကားနဲ့ Allied အက်ရှင်ဇာတ်ကားသစ်တို့ကို ကြည့်ရှုခံစားကြရမှာဖြစ်ပါကြောင်း ကြေးမုံရုပ်ရှင် အညွှန်းကဏ္ဍမှ တင်ဆက်လိုက်ရပါတယ်။
ဖြိုးစန္ဒာမြင့်

No comments:

Post a Comment