Wednesday, November 30, 2016

နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး


 
 
နေပြည်တော် နိုဝင်ဘာ ၂၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးH.E.
Mr.Vikram Misri အား ယနေ့ မွန်းလွဲ ၃နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ သမိုင်းအစဉ်အဆက်အရ ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ များ၊ နှစ်နိုင်ငံအနေဖြင့် ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့် အညီ ပူးပေါင်းဆောင်ရွက်နေမှုများ၊ နှစ် နိုင်ငံ လွှတ်တော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် အတွေ့အကြုံဖလှယ် ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment