Wednesday, November 30, 2016

ရှမ်းတိုင်းရင်းသားတို့ရိုးရာ နှစ်သစ်ကူးပွဲတော် တောင်ကြီးမြို့၌ စည်ကားစွာကျင်းပ

Image may contain: 3 people , outdoor
တောင်ကြီး နိုဝင်ဘာ ၂၉
ရှမ်းသက္ကရာဇ် ၂၁၁၁ခုနှစ် ရှမ်း တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ကို တောင်ကြီးမြို့ ရှမ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ခန်းမဝင်း အတွင်းနှင့် တောင်ကြီးမြို့ အဝေယာ ကုန်းသာယာမီးပုံးပျံလွှတ်ကွင်းတို့၌ နိုဝင်ဘာ ၂၇ ရက်မှစတင်၍ နှစ် နေရာခွဲကာ ကျင်းပခဲ့သည်။
နိုဝင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီက တောင်ကြီးမြို့ ကျိုင်းတုံ ရှမ်းဘုန်းတော်ကြီးကျောင်းတိုက်တွင် စုရပ်ထားကာ တောင်ကြီးမြို့ပေါ်နှင့် ပတ်ဝန်းကျင်မြို့များ၊ ကျေးရွာများမှ ရှမ်းတိုင်းရင်းသူ တိုင်းရင်းသားများ အလှူပဒေသာပင်ကိုယ်စီဖြင့် ရိုးရာအတီး၊ အမှုတ်၊ အကအခုန်တို့ဖြင့် အင်အား ၅ဝဝဝ ခန့် ဗိုလ်ချုပ်လမ်းအတိုင်း မြို့တွင်းသို့လှည့်လည်ကာ ရှမ်းစာပေတိုက်သို့ ပို့ဆောင်ခဲ့သည်။
နိုဝင်ဘာ ၂၉ ရက် ညလွန်မြောက်၍ နိုဝင်ဘာ ၃ဝ ရှမ်းနှစ်သစ်ရက်သို့ ကူးပြောင်းချိန်အထိ ကြိုဆိုကာ ပျော်ပွဲရွှင်ပွဲ၊ အဆိုအက၊ မီးပုံးပျံလွှတ်ပွဲများ ကျင်းပပြီး ရှမ်းဘုန်းတော်ကြီးကျောင်းတိုက် သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်ချတရားနာယူပွဲများ ကျင်းပခဲ့သည်။
သန်းဝေ(တောင်ကြီး)

No comments:

Post a Comment