Wednesday, November 30, 2016

ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ ပထမအကြိမ်စည်းဝေး



နေပြည်တော် နိုဝင်ဘာ ၂၉

ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ကျင်းပရာ ဖွံ့ဖြိုးမှုအကူ အညီများ ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဘာပတိအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေးသို့ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ အဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် မြန်မာ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း အမှုဆောင်ဒါရိုက်တာ ဦးမင်းရဲပိုင်ဟိန်း၊ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ရရှိနေသည့် နိုင်ငံတကာဖွံ့ဖြိုးမှုအကူအညီများကို ပြည်သူများအတွက် အကျိုးအရှိဆုံးဖြစ်စေရန် ဖွံ့ဖြိုးမှုမိတ်ဖက်များ(Partners in
Development)အားလုံးနှင့် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအတွက် ဖွံ့ဖြိုးမှုအကူအညီများ
ညှိနှိုင်းရေးအဖွဲ့Development Assistance Coordination
Unit (DACU)ကိုဖွဲ့စည်းထားခြင်းဖြစ်ကြောင်း။
DACU အနေဖြင့် မြန်မာနိုင်ငံမှထပ်မံရရှိလာမည့် ဖွံ့ဖြိုးမှု အကူအညီများကိုပိုမို ထိရောက်မှုရှိစေရန်၊ ညှိနှိုင်းပေါင်းစပ်မှုအားကောင်းလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီးDACU ၏ လုပ်ဆောင်ချက်ကို နိုင်ငံတကာမှ လက်ခံထားသည့်ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ပထမအချက်အနေဖြင့် မြန်မာနိုင်ငံသည် အိမ်ရှင်နိုင်ငံ အဖြစ် ပိုင်ဆိုင်မှု (Ownership)၊ ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှု တို့ဖြင့် ဖွံ့ဖြိုးမှုအကူအညီ ညှိနှိုင်းရေးလုပ်ငန်းများကို ဆောင် ရွက်မည်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပံ့ပိုးကူညီမှုကို မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှု ဦးစားပေးလုပ်ငန်းများ၊ မူဝါဒများနှင့်ကိုက်ညီစေရေးအတွက် ပွင့်လင်းမြင်သာစွာ လုပ် ဆောင်စေမည်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် မြန်မာ အစိုးရနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များသည် သိသာထင်ရှားသည့် ဖွံ့ဖြိုးမှုရလဒ်များရရှိရေးအတွက် မြန်မာပြည်သူများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများမှ ပြည်သူလူထုများအပေါ် တာဝန်ခံမှုရှိရမည် ဖြစ်ကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် အားလုံးပါဝင်နိုင်ရေး ဟူသည့် သဘောတရားအရDACU သည် မြန်မာနိုင်ငံတွင် ရှိသည့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများအားလုံးနှင့် ပုံမှန် ထိတွေ့ဆွေးနွေးမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း အားလုံးဆိုရာတွင် traditional သာမက non-traditional မိတ်ဖက်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကအခန်းကဏ္ဍမှာ အလွန်အရေး ကြီးသည်ကို အသိအမှတ်ပြုထားကြောင်း၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ(basic infrastructure) လိုအပ် ချက်များကို ဖြည့်ဆည်းနိုင်ရန် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များ၏ အထောက်အပံ့နှင့် ချေးငွေများကိုသာ အားကိုးနေ၍ မရကြောင်း၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့်ရင်းနှီးမြှုပ်နှံမှုများရရှိလာစေရန် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များအားလုံး အတူတကွ ညှိနှိုင်းဆောင်ရွက်ရန် အရေး ကြီးကြောင်း၊ ထို့ကြောင့် တန်ဖိုးရှိသည့် အကူအညီများကို အမျိုးသားအဆင့် ဦးစားပေးလုပ်ငန်းများနှင့် ကိုက်ညီလာ ရေးအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ INGOများ၊ ပြည်တွင်းပြည်ပအလှူရှင်များနှင့် ပိုမိုပေါင်းစည်းညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
DACU ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာနက ကူညီပံ့ပိုးပေးမည်ဖြစ်သည့်အပြင် မြန်မာ ဖွံ့ဖြိုးမှု အဖွဲ့အစည်း (Myanmar Development
Institute) ၏ အကူအညီကိုလည်း ရယူသွားမည်ဖြစ်ကြောင်း၊ DACU လုပ်ငန်းစဉ်၏ အဓိကရည်မှန်းချက်မှာ က္ဘာ တစ်ခုလုံးမှ မိတ်ဆွေများအားလုံး၏ ရက်ရောသည့် စိတ်စေတနာ နှင့် ထောက်ပံ့ကူညီမှုများသည် မြန်မာနိုင်ငံမှ ပြည်သူလူထု၏ အနာဂတ်ဘဝတိုးတက်ရေးအတွက် အထိရောက်ဆုံး သုံးစွဲနိုင် ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။ (သတင်းစဉ်)


No comments:

Post a Comment