
မနီလာ နိုဝင်ဘာ ၂၆
ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဖာဒီနန်မာကိုးစ်၏ အလောင်းကို နိုင်ငံ့သူရဲကောင်းဂူဗိမာန်တွင် မြှုပ်နှံခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြည်သူများက ကျေနပ်မှုမရှိကြောင်း နိုဝင်ဘာ ၂၅ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မနီလာမြို့တော်ရှိလမ်းမများတွင် ဆန္ဒထုတ်ဖော်သူ ၄ဝဝဝ ခန့်က အာဏာရှင်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို အုပ်ချုပ်ခဲ့သူ ဖာဒီနန်မာကိုးစ်၏ အလောင်းကို အမွှမ်းတင်ချီးမွမ်းမှု တစ်ရပ်အဖြစ် နိုင်ငံ့သူရဲကောင်း ဂူဗိမာန်တွင် မြှုပ်နှံခြင်းကိုကျေနပ်မှုမရှိကြောင်း ဆန္ဒထုတ်ဖော်လျက်ရှိ ကြသည်။
ပြီးခဲ့သောရက်သတ္တပတ်က မာကိုးစ် အလောင်းကို နိုင်ငံ့သူရဲကောင်း ဂူဗိမာန်တွင် မြေမြှုပ်ခဲ့သည်။ ယင်းနောက် ၁၉၈ဝ ခုနှစ်လှုပ်ရှားမှု များကို ပြန်လည်အောက်မေ့ သတိရသူ အချို့က မာကိုးစ်အလောင်းကို နိုင်ငံ့သူရဲကောင်းဂူဗိမာန်တွင် ထားရှိခြင်းကို ဆန့်ကျင်ကြသည်။ အဆိုပါ ဂူဗိမာန်တွင် မြှုပ်နှံခြင်းကို လက်ရှိ သမ္မတ ဒူတာတေးက ထောက်ခံအားပေးခဲ့သည်။
မာကိုးစ်သည် ဖိလစ်ပိုင်နိုင်ငံကို ၁၉၈ဝ ခုနှစ်လွန်ကာလထိ ဆယ်စုနှစ် နှစ်စုတိုင်တိုင် အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပြည်သူ့လှုပ်ရှားမှု တော်လှန်ရေး တစ်ရပ်ပေါ်ပေါက်ခဲ့ပြီး မာကိုးစ်အား သမ္မတရာထူးမှ ဖြုတ်ချခဲ့သည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပြီးနောက် သုံးနှစ်အကြာတွင် သေဆုံးခဲ့သည်။
နိုဝင်ဘာလ အစောပိုင်းတွင် ဖိလစ်ပိုင်တရားရုံးချုပ်က မာကိုးစ်၏ အလောင်းကို အမျိုးသားဂူဗိမာန်သို့ ပြောင်းရွှေ့မြှုပ်နှံရန် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တစ်ရပ်ထွတ်ပေါ်လာပြီးနောက် မာကိုးစ်လက်ထက်အတွင်း လူ့အခွင့်အရေး ဆုံးရှုံးနစ်နာသူ ပြည်သူအများက လက်ရှိသမ္မတ ဒူတာတေး အား ထိုသို့ မာကိုးစ်အလောင်းကို နိုင်ငံ့သူရဲကောင်းဂူဗိမာန်တွင် ပြောင်းရွှေ့ မြှုပ်နှံရန်ခွင့်ပြုခြင်းကို ပြန်လည်စဉ်းစားသင့်ကြောင်း တောင်းဆိုကြသည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment