
ဟာဗားနား နိုဝင်ဘာ ၂၆
အသက်(၉ဝ)နှစ်ရှိပြီဖြစ်သော ကျူးဘားတော်လှန်ရေး ခေါင်းဆောင်ဖီဒယ်လ် ကက်စထရိုသည် နိုဝင်ဘာ ၂၅ ရက်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ယနေ့ ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
နိုဝင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် ည ၁ဝ နာရီ ၂၉ မိနစ်တွင် ကျူးဘားပြည်သူများနှင့် မိမိတို့အလွန် ချစ်မြတ်နိုးသော ခေါင်းဆောင်ကြီး ဖီဒယ်လ်ကက်စထရို ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ အလွန်တရာ ဝမ်းနည်းကြေကွဲ စွာဖြင့် ကျူးဘားပြည်သူများအား သတင်းစကားပါးအပ် ပါကြောင်း ကျူးဘားသမ္မတ ရာအူးလ် ကက်စထရိုကလော့ခ်ျ အသံလွှင့်ဌာနမှတစ်ဆင့် ထုတ်ပြန်ပြောကြားခဲ့သည်။
ခေါင်းဆောင်ကြီး၏ ဆန္ဒအရ ယင်း၏ ရုပ်ကလာပ် အား မီးသဂြုင်္ိဟ်သွားမည်ဖြစ်ပြီး ယင်းဈာပန ဦးဆောင် ကော်မတီမှ လုပ်ဆောင်သည့် အစီအစဉ်အသေးစိတ်အား နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာသွားမည်ဟု ၎င်းက ပြောကြားသည်။
ကျူးဘားတော်လှန်ရေးခေါင်းဆောင်ကြီး ဖီဒယ်လ် ကက်စထရိုသည် ရာစုနှစ် ထက်ဝက်နီးပါးမျှ ကျူးဘား နိုင်ငံအား ဦးစီးဦးဆောင်ပြုအုပ်ချုပ်ခဲ့ပြီး ကျန်းမာရေး ဆိုင်ရာအကြောင်းပြချက်များဖြင့် ၂ဝဝ၆ ခုနှစ်တွင် အုပ်ချုပ်မှုအာဏာများကို လက်လွှတ်ကာ ၎င်း၏ အရိုက် အရာကို ညီဖြစ်သူ ရာအူးလ်ကက်စထရိုအား လွှဲပြောင်း ပေးခဲ့သူဖြစ်သည်။
၎င်းဘဝ၏ နောက်ဆုံးအချိန်များတွင် အများပြည်သူ ရှေ့မှောက်သို့ တရားဝင်ထွက်ပေါ်ခြင်းမပြုတော့ဘဲ ကျူးဘား အစိုးရ အာဘော်ဂရမ်မာသတင်းစာ၌ ကမ္ဘာ့ရေးရာ အယ်ဒီတာ့ အာဘော်ဆောင်းပါးများရေးသားကာ နေထိုင်ခဲ့သည်။ ၎င်းအနေဖြင့် နောက်ဆုံး လက်ခံတွေ့ဆုံဆွေးနွေးခဲ့သူမှာ ကျူးဘားနိုင်ငံသို့ ယခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် အလည်အပတ် ခရီးလာရောက်ခဲ့သော ဗီယက်နမ်နိုင်ငံ သမ္မတ ထရွိုင်တန်ကောင်းဖြစ်သည်။
ဆင်ဟွာ။
No comments:
Post a Comment