Tuesday, November 1, 2016

ဗင်နီဇွဲလား၌ အစိုးရနှင့် အတိုက်အခံအဖွဲ့တို့ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး ဆွေးနွေး


 




ဘိုဂိုတာ အောက်တိုဘာ ၃၁

အကျပ်အတည်းကာလနှင့် ဆိုးဆိုး ရွားရွားရင်ဆိုင်နေရသည့် ဗင်နီဇွဲလား နိုင်ငံရေးနှင့်ပတ်သက်၍ ကြိုးစားဖြေ ရှင်းရန် ဗင်နီဇွဲလားအစိုးရနှင့် အတိုက် အခံအဖွဲ့အစည်းတို့သည် ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေး နွေးလျက်ရှိကြောင်း သိရသည်။
ဗာတီကန်ကိုယ်စားလှယ်နှင့် အခြား သော ကြားဝင်စေ့စပ်ညှိနှိုင်းရေး ကိုယ် စားလှယ်များ ကမကထပြုသည့် အဆိုပါ ဆွေးနွေးပွဲတွင် ဗင်နီဇွဲလားသမ္မတ နီကိုး လပ်စ်မဒူရို ပါဝင်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ဆွေးနွေးပွဲအတွင်း အတိုက် အခံခေါင်းဆောင်များသည် သမ္မတမဒူရို ရာထူးမှ နုတ်ထွက်ခြင်းမထွက်ခြင်းနှင့်ပတ် သက်၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ် ခြင်းကို ခွင့်ပြုပေးရန် တောင်းဆိုလျက်ရှိ သည်။ အစိုးရဘက်မှခေါင်းဆောင်များက အတိုက်အခံအုပ်စုအနေဖြင့် အကြမ်း ဖက်လုပ်ရပ်များကိုစွန့်လွှတ်ရန်နှင့် လက် ယာယိမ်းစီးပွားရေးမူဝါဒများကို ပယ်ဖျက် ရန် လိုလားလျက်ရှိသည်။ ကရာကတ်မြို့ အနောက်ပိုင်းရှိ ပြတိုက်၌ ကျင်းပခဲ့သည့် အဆိုပါ ဆွေးနွေးပွဲတွင် မစ္စတာမဒူရိုသည် ဒီမိုကရက်တစ်ပေါင်းစည်းညီညွတ်ရေး မဟာမိတ်အဖွဲ့ခေါင်းဆောင် ဂျီးဆပ်စ် တိုရီဘာ အပါအဝင် အတိုက်အခံ ခေါင်း ဆောင်ငါးဦးနှင့် လက်ဆွဲနှုတ်ဆက်ခဲ့ သည်။ (ဘီဘီစီ)

No comments:

Post a Comment