Tuesday, November 1, 2016

တောင်ကြီးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Image may contain: 1 person , sunglasses
နေပြည်တော် အောက်တိုဘာ ၃၁
တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၉ ရက်က တောင်ကြီးမြို့နယ် လွယ်တော်ကျေးရွာအုပ်စု ကောင်းမှုစဉ်ကျေးရွာ မိုင်းပျဉ်း-တောင်ကြီး ကားလမ်းပေါ်တွင် မောင်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၆၈ဝ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့က ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်သား မြို့နယ် ကူမဲမြို့ ကြို့ပင်ခြံရပ်နေ မထွေးထွေးရှိန်၏ နေအိမ်ကိုရှာဖွေရာ ¤င်းနှင့်အတူ ဝင်းနိုင်၊ ဥုံလု၊ အောင်ကျော်ဆန်း(ခ) ဖိုးလယ်တို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၄၂၅ ပြား နှင့် စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို သိမ်းဆည်းရမိသဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment