Tuesday, November 1, 2016

မြောက်ကိုရီးယားခေါင်းဆောင်၏ဇနီး ပြည်သူ့မြင်ကွင်းသို့ ပြန်ပေါ်လာ



 
 
ဆိုးလ် အောက်တိုဘာ ၃၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ဇနီးသည် အများပြည်သူမြင်ကွင်းမှ ခုနစ်လခန့်ပျောက်ကွယ်သွားပြီးနောက် တစ်ဖန်ပြန်ပေါ်လာရာ ကိုယ်ဝန်ရှိနေခြင်းလား သို့မဟုတ် သဘောထားကွဲလွဲမှုများတစ်ခုခုဖြစ်နေသလားဟု ခန့်မှန်းနေကြကြောင်း သည် အင်ဒီပင်းန်ဒင့်န်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

၂ဝ၁၂ ခုနှစ်တွင် နိုင်ငံ၏ကတော်အဖြစ် စတင်သတ်မှတ်ခံခဲ့ရသော မြောက်ကိုရီးယားခေါင်ဆောင်ကင်ဂျုံအန်း၏ဇနီး ရီဆိုဂျူးသည် အာဏာရရှိရေးနှင့်ပတ်သက်ပြီး စိတ်အားထက်သန်နေသည့် ကင်ဂျုံအန်း၏အငယ်ဆုံးညီမ ကင်ရိုဂျန်နှင့် သဘောထားကွဲလွဲမှုဖြစ်ပေါ်နိုင်သည်ဟု ကျွမ်းကျင်သူများကအခြေအနေကိုစောင့်ကြည့်၍ပြောဆိုခဲ့သည်။
ကင်ဂျုံအန်း၏အငယ်ဆုံးညီမ ကင်ရိုဂျန်သည် လွန်ခဲ့သောနှစ်က မြောက်ကိုရီးယားဝါဒဖြန့်ချိရေးနှင့် လှုံ့ဆော်ရေးဌာနကို တာဝန်ယူခဲ့ပြီး ၄င်းအစ်ကို၏ ကိုယ်ရည်ကိုယ်သွေးများကို တည်ဆောက်နေသူဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင်၏ဇနီးဖြစ်သူ ရီကို ပြုံယမ်း၏ စီးပွားရေးဒေသနှင့် ကျန်းမာရေးအဆောက်အအုံတွင် မတ် လ ၂၈ ရက်က နောက်ဆုံးတွေ့လိုက်ရခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။
ကင်ဂျုံအန်းသည် မကြာခဏဆိုသလို နိုင်ငံအနှံ ခရီးစဉ်များသွားရောက်ခဲ့သည်။ နိုင်ငံ၏ပထမဆုံးအကြိမ် ပါတီကွန်ဂရက်ကို ၃၆နှစ်ကြာပြီးမှ ယခုနှစ်မေလတွင် ပြုလုပ်ခဲ့သည်။
ရီသည်ပြည်သူ့မြင်ကွင်းမှပျောက်ကွယ်ခြင်းနှင့်ပတ်သက်ပြီးဖြစ်နိုင်သော အကြောင်းပြချက်အများအပြားရှိနိုင်ကြောင်း၊ ၄င်းတွင် ကိုယ်ဝန်ရရှိခြင်းကြောင့်လည်းဖြစ်နိုင်သလို သဘောထားကွဲလွဲမှုကြောင့်လည်းဖြစ်နိုင်ကြောင်း တိုကျိုဝါဆေးဒါ တက္ကသိုလ် ပါမောက္ခ တိုရှီမစ်တ်ဆု ရှီဂီမူရာက ပြောကြားခဲ့သည်။
(သည်အင်ဒီပင်းန်ဒင့်န်)

No comments:

Post a Comment