Wednesday, November 2, 2016

မင်္ဂလာဓာတ်ပုံတွေကို ထုတ်ဖော်ပြသလိုက်တဲ့ ချိုတေးကွမ်

Image may contain: 2 people , wedding
ယခုနှစ်အစပိုင်းက ထုတ်လွှင့်ခဲ့ပြီး တောင်ကိုရီးယား၌သာမက အာရှတစ်လွှားမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ ဇာတ်လမ်းတွဲရုပ်ရှင် "Descendants of the Sun"မှာ ဆရာဝန်တစ်ဦးဖြစ်သူ ဒန်နီရယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ချိုတေးကွမ်က သူ့ရဲ့မင်္ဂလာဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့တယ်လို့ အောကေ ပေါ့ပ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
မကြာမီမှာ မင်္ဂလာပွဲဆင်နွှဲတော့မယ့် မင်းသားက သူနဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်းဖြစ်သူ နိုဟေးရီနဲ့အတူရိုက်ကူးထားတဲ့ မင်္ဂလာဓာတ်ပုံတွေကို အွန်လိုင်းမီဒီယာကနေတစ်ဆင့် ဖော်ပြခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ အင်္ဂလန်မှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ချစ်သူ သက်တမ်း တစ်နှစ်ခန့်အကြာမှာ လက်ထပ်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
အေးပြည့် - စုစည်းရေးသားသည်

No comments:

Post a Comment