Wednesday, November 2, 2016

ဘေဘုတ်ပေါ်မှာ နံပါတ်တစ်နေရာကို အများဆုံးပိုင်ဆိုင်နိုင်ခဲ့တဲ့ လေဒီဂါဂါ

Image may contain: 1 person , closeup
အမေရိကန်ပေါ့ပ်စတား လေဒီဂါဂါဟာ ရာစုနှစ်တစ်ခုအတွင်း ဘေဘုတ်ရဲ့ တေးဂီတဇယားမှာ နံပါတ်တစ်နေရာကို အကြိမ်အများဆုံးရယူနိုင်ခဲ့တဲ့ အမျိုးသမီးတေးသံရှင်တစ်ဦးဖြစ်လာခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
လေဒီဂါဂါဟာ သူ့ရဲ့တေးအယ်လ်ဘမ်သစ် "Joanne"ရဲ့ ရောင်းအား ကောင်းမှုကြောင့် ဘေဘုတ်ရဲ့ တေးဂီတဇယားမှာ နံပါတ်တစ်နေရာကို လေးကြိမ်မြောက် ရောက်ရှိခဲ့ပါတယ်။ ယခင်က ဘေဘုတ်မှာ အကြိမ်အများဆုံး ရပ်တည်နိုင်ခဲ့တဲ့ တေးသံရှင်တွေဖြစ်ကြတဲ့ ဘီယွန်းစေးနဲ့ တေလာဆွစ်တို့ကို ကျော်လွန်ကာ စံချိန်သစ်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားတေးသံရှင်တွေထဲမှာတော့ ပေါ့ပ်အဆိုတော်ဂျက်စတင်ဘီဘာနဲ့ ရက်ပ်ပါတစ်ဦးဖြစ်သူ ဒရိတ်ခ်တို့က ခြောက်ကြိမ်အထိ နံပါတ်တစ်နေရာကို ရယူထားပြီး ဗြိတိန်ပေါ့ပ်တေးဂီတအဖွဲ့ "One Direction" နဲ့ ကန်းရီဝက်စ်ထ် တို့ကတော့ လေးကြိမ်စီရောက်ရှိခဲ့ဖူးကာ ဒုတိယမြောက် အကြိမ်အများဆုံးတေးသံရှင်တွေအဖြစ် ရပ်တည်လျက်ရှိပါတယ်။
ယခုလိုအောင်မြင်မှုရရှိခဲ့တာနဲ့ ပတ်သက်ပြီး ဂါဂါက သူ့ရဲ့ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့တွစ်တာစာမျက်နှာပေါ်ကနေတစ်ဆင့် ဖော်ပြခဲ့ပါတယ်။
အေးပြည့် - စုစည်းရေးသားသည်

No comments:

Post a Comment