Wednesday, November 30, 2016

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် သန္နိဋ္ဌာန်ပြု



Image may contain: 2 people , people smiling , suit
ပေကျင်း နိုဝင်ဘာ ၂၉
တရုတ်နိုင်ငံသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြုလုပ်သွားမည့်အပြင် ကမ္ဘာ့အဖွဲ့အစည်းကြီး၏ လုပ်ငန်းများကိုလည်း အခိုင်အမာအားပေးထောက်ခံ သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူးနေရာအတွက် ရွေးချယ်ခန့်အပ် ခံထားရသူ အန်တိုနီယိုဂူတာရီအား သန္နိဋ္ဌာန်ပြု ပြောကြားလိုက်သည်။
သမ္မတရှီနှင့် ဂူတာရီတို့သည် နိုဝင်ဘာ ၂၈ ရက်က မြို့တော်ပေကျင်း၌ တွေ့ဆုံဆွေးနွေးကြရာတွင် တရုတ် ခေါင်းဆောင်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ကမ္ဘာကြီးရင်ဆိုင်နေရသော စိန်ခေါ်မှုများအား အလေးအနက်ပြုအာရုံစိုက် ဖြေရှင်းပေးနေသည့် ကုလ သမဂ္ဂအဖွဲ့ကြီး၏ အခန်းကဏ္ဍကို အခြားမည်သည့်အရာ ကမျှ အစားထိုးနိုင်မည်မဟုတ်ကြောင်း၊ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်နေသည့် အဖွဲ့အစည်းကြီးအဖြစ် ရပ်တည်ကာ နိုင်ငံတကာအခြေအနေနှင့်အညီ ပိုမိုလုပ်ကိုင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း သမ္မတရှီက ပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment