Wednesday, November 30, 2016

ဘရာဇီးဘောလုံးအားကစားသမားများ လိုက်ပါစီးနင်းလာသော လေယာဉ်ပျက်ကျ



Image may contain: 2 people
ဘိုဂိုတာ (ကိုလံဘီယာ) နိုဝင်ဘာ ၂၉
ဘရာဇီး ဘောလုံးအားကစားသမားများ အပါအဝင် လူပေါင်း ၈၁ ဦးခန့် တင်ဆောင်လာသော BAe 146 လေယာဉ်သည် နိုဝင်ဘာ ၂၈ ရက် ညပိုင်းက ကိုလံဘီယာနိုင်ငံအတွင်း၌ ပျက်ကျခဲ့ရာ လိုက်ပါစီးနင်းလာသူများအနက် ၁ဝ ဦးသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသန္တရဆိုင်ရာ လေကြောင်းအာဏာပိုင်များက ဆိုသည်။
နိုဝင်ဘာ ၂၈ ရက်ညပိုင်းတွင် မီဒယ်လ်လင်မြို့အနီး၌ လေယာဉ်တစ်စင်း အရေးပေါ်အခြေအနေကြုံနေရကြောင်း အဆိုပါလေယာဉ်မှ အကူအညီတောင်းခံခဲ့သည် ဟု လေကြောင်းအာဏာပိုင်များက ဆိုသည်။ အဆိုပါ လေယာဉ်သည် တောင်အာဖရိကဒေသတွင်း ပွဲစဉ်တစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဘိုလီဗီးယားမှ ကိုလံဘီယာ နိုင်ငံသို့ ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ပျက်ကျပြီးနောက် လေယာဉ်သည် ခေါင်းပိုင်းနှင့် တောင်ပံများ ကျိုးပြတ်သွားကာ အမြီးပိုင်းတစ်ခုလုံး မီးလောင်ပျက်စီးသွားခဲ့သည်။
အလန် လူစီယာနို ရူချယ်၊ မာကိုစ် ဒါနီလိုပါဒီလ်ဟာ နှင့် ဂျက်ဆင် ရဂ်ျနာ ဖိုးမန်းတို့သည် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူများစာရင်းတွင် ပါဝင်ကြောင်း ကိုလံဘီယာဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လေယာဉ်တွင် ဘရာဇီးဘောလုံးအသင်းသားများ အပါအဝင် ခရီးသည် ၇၂ ဦးနှင့် လေယာဉ်မောင်းသူ အဖွဲ့ဝင်ကိုးဦးတို့ လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment