Wednesday, November 30, 2016

တောင်ကိုရီးယားသမ္မတ နုတ်ထွက်လိုကြောင်း ပြောကြား



 
 
 
ဆိုးလ် နိုဝင်ဘာ ၂၉

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး သည် ရာထူးမှနုတ်ထွက်လိုကြောင်းနှင့် နုတ်ထွက်ရာတွင် အကူအညီပေးကြရန် ပါလီမန်လွှတ်တော်သို့ တောင်းဆိုထား ကြောင်း သိရသည်။
ပတ်ဂွန်ဟေးသည် ၄င်း၏နှစ်ရှည် ကြာခင်မင်ရင်းနှီးလာခဲ့သည့် မိတ်ဆွေ အား ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေးကိစ္စများဆုံးဖြတ်ရာတွင် ဝင်ရောက် စွက်ဖက်လွှမ်းမိုးစေခဲ့ခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေစဉ်အတွင်း ၄င်းအား နုတ်ထွက်ရန် တောင်းဆိုမှုအများအပြား နှင့် ရင်ဆိုင်နေရသည်။

ပတ်အနေဖြင့် နိုင်ငံတော်သစ္စာ ဖောက်ဖျက်မှု ကျူးလွန်ခဲ့ခြင်း ဟုတ် မဟုတ်ကို လာမည့်သောကြာနေ့တွင် ပါလီမန်လွှတ်တော်က ဆွေးနွေးသွား မည်ဖြစ်သည်ဟု ဘီဘီစီသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
အာဏာရပါတီဝင်အချို့က ပတ် သည် နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ကျူးလွန်သည်ဟူသော အခြေအနေ သို့မရောက်မီ ဂုဏ်သိက္ခာရှိစွာ ရာထူးမှ ဆင်းသွားသင့်သည်ဟု ပြောဆိုခဲ့ကြ သည်။ အတိုက်အခံပါတီဝင်များကမူ ပတ်သည် အကျဉ်းအကျပ်ထဲကျရောက်မှုမှလွတ်မြောက်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။ မစ္စပတ်သည် မူလက ၄င်းအားဝိုင်းရံနေသည့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ကြေကွဲ ဝမ်းနည်းရကြောင်းပြောဆိုခဲ့ပြီး နှစ်ကြိမ် တိုင်တိုင် ဝန်ချတောင်းပန်မှုများပြုလုပ် ခဲ့သော်လည်း ရာထူးမှနုတ်ထွက်ရန် ငြင်း ဆန်ခဲ့သည်။ အင်္ဂါနေ့တွင် ရုပ်မြင်သံကြား မှထုတ်လွှင့်ခဲ့သည့် အစီအစဉ်၌မူ ပတ်က ဥပဒေပြုအဖွဲ့သည် အာဏာလစ်လပ်မှု အချိန်ကာလကို သေးငယ်စေနိုင်မည့် အာဏာလွှဲပြောင်း ဆောင်ရွက်မှုများ ပြုလုပ်လာသည့်အချိန်တွင် ရာထူးမှနုတ် ထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
(ဘီဘီစီ)

No comments:

Post a Comment